ပြုံးယမ်း၊ ဇူလိုင်-၂၉-၂၀၂၅
မျိုးဆက် (VOM)
အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲအသစ်ဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံအန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါပေမယ့်လည်း မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်စီမံကိန်းကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
မိမိတို့ နိုင်ံခေါင်းဆောင်နဲ့ အမေရိကန် လက်ရှိသမ္မတတို့ရဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံရေးက ကောင်းမွန်တယ်တဲံ့အချက်ကို မငြင်းဘူးလို့ ပြောပါတယ်။ ဒါပေမယ့် နှစ်ယောက်ရဲ့ပုဂ္ဂိုလ်ရေးဆက်ဆံရေးကို နျူကလီးယားဖျက်သိမ်းရေးရည်ရွယ်ချက်အတွက် အသုံးချမယ်ဆိုရင် တခြားတစ်ဖက်က မလေးမစားလုပ်တာတဲ့ပုံစံအဖြစ် အဓိပ္ပါယ်ကောက်လို့ရတယ်လို့ ကင်ယိုဂျုံက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ်ကနေ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံနှစ်ခုအနေနဲ့ ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကြောင်းကို လျှောက်လှမ်းတာက တစ်ဖက်နဲ့တစ်ဖက် အကျိုးမဖြစ်ထွန်းဘူ လို့ ပြောပါတယ်။
ဒါပေမယ့် သူမရဲ့ပြောကြားချက်တွေက မြောက်ကိုရီးယားရဲ့နျူကလီးယားဖျက်သိမ်းရေးကို အခြေခံတဲ့ အနာဂတ်ဆွေးနွေးပွဲတွေကို ငြင်းဆန်တာလို့ အဓိပ္ပါယ်ကောက်နိုင်ကြောင်း အကဲခတ်တွေက သုံးသပ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ကင်ဂျုံအန်းနဲ့ သုံးကြိမ်တွေ့ဆုံခဲ့ပါတယ်။ ထရမ့်က ကင်နဲ့ သဘောတူညီချက်ရဖို့မအောင်မြင်ခဲ့ပေမယ့် လက်ရှိသက်တမ်းမှာ ထပ်တွေ့ဖို့ အဆင်သင့်ဖြစ်နေဆဲပါ။
ထရန့်က မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ကင်းစင်တဲ့နိုင်ငံဖြစ်အောင် ကင်နဲ့ဆက်လက်ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေဆဲ ဖြစ်တယ် လို့ အိမ်ဖြူတော်တာဝန်ရှိသူတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနကလည်းရေးသား ဖော်ပြထားပါတယ်။
Ref:NHK
Photo:The Diplomat
