ဩဂုတ် ၄၊ ၂၀၂၅
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ် လိုင်ဇာဘက် ဂျဲယန်၊ ဖွန်လုမ်ယန် စစ်ရှောင်စခန်း တကြော မိုးသည်းထန်စွာရွာလို့ ဩဂုတ်လ ၄ ရက်နေ့ မနက် အစောပိုင်းကစ ရေကြီးနေကြောင်း ဒေသခံတွဆီက သိရပါတယ်။
“မုန်လိုင်ချောင်း၊ ဂျဲယန် ေချာင်းပေါ့ ရေကြီးနတာ အရင်နှစ်တွေထက် ရေက ပိုကြီးနေတယ်။ စစ် ရှောင်အိမ်တွ ဘယ်နှစ်အိမ် ပါသွားပြီလဲ မသိဘူး။ ခု မျောပါတော့မယ့် အိမ်တွေပါ ရှိနေတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်ကြားက ချောင်းရိုးတချောင်းရိုးတလျှောက်က အဆောက်အဦနေး အိမ်၊ ကား၊ စက်ပစ္စည်း အပြင် ကြံခင်း တွေမျောပါကုန်ပြီး တချို့နေရာ နယ်စပ် စည်းရိုးပါ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“ဂျဲယန်၊ ဖွန်လုမ်ယန် စစ်ရှောင်စခန်းတွေ၊ ဂျာထူကောင်၊ မုံးဆိုင် ရွာတွက အကုန်ေရှာင်ရလိမ့်မယ်။ ရွာေတွထဲလည်း ရေဝင်ကုန်ပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မုန်လိုင် ချောင်းတံတားလည်း မြုပ်သွားသလို တချို့လမ်းပိုင်း မြေပြိုသွားကာ ရေလျှံ နေသွားတဲ့ နေရာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ကချင်ပြည်နယ် အပါအဝင် စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ ပဲခူးနဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်း နေကာ အဲဒီမိုးတိမ်တောင်ရွေ့လျားရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေဖြစ်နိုင်ေကြာင်း သတင်းထုတ်ပြန်ထားပါတယ်။
video crd# ဒေသခံ
