မြောက်ကိုရီးယားနယ်စပ်က ဝါဒဖြန့်အသံချဲ့စက်တွေကို တောင်ကိုရီးယား ဖြုတ်သိမ်း

ဆိုးလ်၊ ဩဂုတ်-၄-၂၀၂၅
ရတီ (VOM)
နှစ်နိုင်ငံ တင်းမာမှုတွေ လျော့ပါးရေး အားထုတ်မှုအဖြစ် မြောက်ကိုရီးယားဘက်ကို K-pop နဲ့သတင်းတွေ ထုတ်လွှင့်ဖို့သုံးခဲ့တဲ့ အသံချဲ့စက်တွေကို စတင်ဖြုတ်သိမ်းနေပြီလို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
ဇွန်လကတည်းက နှစ်နိုင်ငံဟာ စစ်မဲ့ဇုန်တလျှောက် ဝါဒဖြန့် ထုတ်လွှင့်မှုတွေရပ်ဆိုင်းထားပြီးဖြစ်တယ်။ မြောက်ကိုရီးယားဘက်ကလည်း တောင်ကိုရီးယားနယ်စပ်မှာ ဆူညံသံတွေ ထုတ်လွှင့်မှုကို ရပ်ဆိုင်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
စစ်ရေးမပါဘဲ တင်းမာမှုလျှော့ချရေးအတွက် ဒီလုပ်ဆောင်ချက်ကိုလုပ်ဆောင်တာဖြစ်တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ နယ်စပ်တလျှောက်ရှိအသံချဲ့စက်အားလုံးကို ဒီအပတ်အတွင်းဖြုတ်သိမ်းမယ်လို့ဆိုပေမယ့် အရေအတွက်အတိအကျကိုတော့ဖော်ပြခဲ့ခြင်းမရှိဘူး။
ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ အနိမ့်ဆုံးအခြေအနေရောက်နေခဲ့ပြီး ရုရှားယူကရိန်းကျူးကျော်ပြီးနောက် မြောက်ကိုရီးယားဟာ ရုရှားနဲ့ပိုနီးစပ်လာခဲ့ပါတယ်။ အရင်အစိုးရလက်ထက်က ဆက်ဆံရေးဆိုးရွားမှုတွေကို လျှော့ချဖို့ လက်ရှိသမ္မတ လီဂျေးမြောင်က ကတိပြုထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်တွေရှိနေပမယ့် မြောက်ကိုရီးယားက အိမ်နီးချင်းနဲ့တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့ငြင်းဆန်ခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ဆွေးနွေးဖို့ ကြိုးစားမယ်လို့သမ္မတ လီဂျေးမြောင်က ဆိုပါတယ်။
၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲဟာ စစ်ပြေငြိမ်းရေးစာချုပ်နဲ့ပြီးဆုံးခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ်မရှိသေးတဲ့အတွက် နှစ်နိုင်ငံဟာတရားဝင်စစ်မက်ဖြစ်နေဆဲဖြစ်တယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ဒေသတွင်းမှာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
Ref:CNA
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW