အင်းတော်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားအသတ်ခံရကာ ဇနီးဖြစ်သူ ဒဏ်ရာရ

ဩဂုတ် ၃ ၊၂၀၂၅
GG (VOM)
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊အောက်လယ်ပြင်ကျေးရွာမှာ ဖွင့်ထားတဲ့ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဒီနေ့ ဩဂုတ် ၃ ရက်နေ့မှာ ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသား အသတ်ခံရကာ အမျိုးသမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အသတ်ခံရတဲ့အမျိုးသားက ဆိုင်ပိုင်ရှင် ဦးဝင်းဗိုလ်ဆိုသူဖြစ်ပြီး ဓားနဲ့ခုတ်သတ်ခံရတာဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူကတော့ ဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးဖြစ်ပြီး လည်ပင်းမှာ ဓါးဒဏ်ရာရခဲ့တာကြောင့် လက်ရှိဆေးရုံမှာကူသမှုခံယူနေတယ်လို့သိရပါတယ်။
” အချိန်က ည ၁၂ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရတယ်။သေသွားတဲ့သူက ပွဲချင်းပြီးပါတယ်။အစ်မကတော့ ဆေးရုံပေါ်မှာပဲရှိသေးတယ်။ဆေးရုံရောက်နေတဲ့အစ်မကတော့ လည်ပင်းအရစ်ခံရပြီး ပြန်ချုပ်ရမယ်ပြောတယ်။ လူမှတ်မိသွားလို့ နှုတ်ပိတ်လိုက်တာလို့ ပြောတယ်။နှစ်ယောက်လုံးကိုနှုတ်ပိတ်တာ အစ်မက ကံကောင်းစွာနဲ့ဘဲအသက်ရှင်ကျန်ခဲ့တာပေါ့။ အစ်မက ဆေးရုံမှာသက်သာတယ်လို့တော့ပြောတယ်။” လို့ မိသားစုဝင်တယောက်ကပြောပါတယ်။
လူသတ်သွားတဲ့အပြင် ဓားပြတိုက်မှုအတွင်း သိန်း ၃၀၀ ကျော်နှင့်ရွှေထည်ပစ္စည်းအချို့ကို ယူဆောင်သွားကြောင်း သိရပါတယ်။
အင်းတော်မြို့က PDF တွေထိန်းချုပ်စိုးမိုးထားတာဖြစ်ပြီး လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိထားကြောင်း ဒေသခံတွေဆီက ကနဦးသိရပါတယ်။
Photo :CJ

Related posts

Leave a Comment

VOM News

FREE
VIEW