ဩဂုတ်လ ၄၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပါ် ဒီနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲခံရကြောင်း ဒေသခံတွဆီက သိရပါတယ်။
“ဒေါက်တာဇေယျာဖြိုး အရှေ့တည့်တည့်က အကင်ဆိုင်အိမ်နဲ့ဘေးက အိမ် ထိတာ။ ရစရာကို မရှိတော့ဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လေယာဉ်ဗုံးက စည်ပင်ရုံးနဲ့ ဈေးသစ် အနီးဝန်းကျင် တွေမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“ခန့်မှန်း မနက် ၁၀ နာရီ ၂၀ မိနစ်လာက်မှာ ကျောက်မဲ မြို့ထဲကြီးကို လေယာဉ် ဗုံးကြဲသွားတယ်။ ဒေါ်ချော အဆောင်နား ကျတယ်လို့ ကြားတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိအထိ လူ အထိအခိုက်ရှိ၊ မရှိကို သေချာမသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
ယမန်နေ့ ဩဂုတ် ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ခန့်ကလည်း သီပေါမြို့ရှိ ခလရ – ၂၃ တပ်စခန်း အဟောင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး။လူ အထိအခိုက်မရှိေကြာင်း ဒေသခံ တွေဆီက သိရပါတယ်။
ကျောက်မဲမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ လကုန်ပိုင်းကနေ လက်ရှိ အထိ လေကြောင်းနဲ့ ၈ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရပြီဖြစ်ပြီး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူ ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Photo Crd# ဒေသခံ
