ပူတင်နဲ့ ဒေါ်နယ်ထရန့် လာမယ့်အပတ်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိ

ဝါရှင်တန်၊ ဩဂုတ်-၇-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ လာမယ့် သီတင်းပတ်အစောပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
သမ္မတထရန့်ဟာ ပူတင်နဲ့ တွေ့ဆုံပြီးတဲ့နောက် ယူကရိန်းသမ္မတ ဇီလန်စကီးပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲအတွက်လည်း စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်နဲ့အခြား သတင်းဌာနတွေက ဆိုပါတယ်။
ရုရှားဘက်က သမ္မတထရန့်နဲ့ တွေ့ဆုံလိုတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ် ။ထရန့်ဟာ ပူတင်နဲ့ ဇီလန်စကီးနှစ်ယောက်တွေ့ဖို့ကိုလည်း လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။ဒီတွေ့ဆုံပွဲတွေ ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ လုပ်မယ်ဆိုတာကိုတော့ ပြောရေးဆိုခွင့်ရှိသူက မပြောပါဘူး။
“ဆွေးနွေးပွဲက အလားအလာ ကောင်းနေပါတယ်၊ မကြာခင်မှာ တွေ့ဆုံပွဲ လုပ်ဖို့ ရှိပါတယ်” လို့ ပူတင်နဲ့ ဇီလန်စကီးတို့ အစည်းအဝေးလုပ်ဖို့ သဘောတူပြီလားလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ထရန့်က ဖြေကြားခဲ့ပါတယ်။
ဘယ်နေရာမှာ လုပ်မယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သူက ဆိုပြီး ဒီကိစ္စ အလားအလာ အရမ်းကောင်းနေတယ် လို့ ပြောပါတယ်။
ထရမ့်ဟာ မော်စကိုကို ယူကရိန်းနဲ့ စစ်ပြေငြိမ်းရေး သဘောတူဖို့ ဖိအားပေးနေပြီး သဘောမတူရင် ရုရှားကနေ ရေနံနဲ့ အခြားကုန်ပစ္စည်းတွေ ဝယ်တဲ့နိုင်ငံတွေကို ဒုတိယအဆင့် ကုန်သွယ်မှုအခွန် စည်းကြပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW