မုံရွာ စည်ပင်ဌာနပိုင် အမှိုက်သိမ်းကားနဲ့ ဝန်ထမ်း​တွေ မြို့ထဲအမှိုက်သိမ်းရင်း ပျောက်သွား

သြဂုတ် ၊ ၁၀ ၊ ၂၀၂၅
HK(VOM )
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က မြို့နယ်စည်ပင်သာယာဌာနပိုင် အမှိုက်သိမ်းယာဥ် တစီးနဲ့ ဝန်ထမ်း​တွေဟာ မုံရွာမြို့ပေါ်မှာ အမှိုက်သိမ်းလုပ်ငန်းဆောင်ရွက်နေတဲ့အချိန် ၊ မနေ့က သြဂုတ် ၉ရက် မနက်ပိုင်း ၉ နာရီ ခွဲအချိန်က သာစည်လမ်းနဲ့ ကျောကက္ကာလမ်းနှစ်ခုကြားမှာ ပျောက်ဆုံးနေတယ်လို့ မုံရွာမြို့နယ် စည်ပင်သာယာရေး ၀န်ထမ်းတွေဆီက သိရပါတယ်။
” မနေ့ မနက် ၉ နာရီ ၄၅ မိနစ် အချိန်းက စည်ပင် လုပ်ငန်းခွင်ထဲမှာ အလုပ် လုပ်ရင်း ပျောက်ဆုံးနေတယ် ၊ သူတို့ကိုင်တဲ့ ဖုန်းတွေကို ဆက်သွယ်ကြည့်တာ ခေါ်ဆိုလို့ မရဘူး ၊ ကားသမားက ဦးနိုးနိုးဖြစ်ပြီး ကားအမျိုးအစားက SAKT အဖြူရောင် ဖြစ်တယ် ၊ သူနဲ့အတူ အမှိုက်သိမ်း လုပ်သား သုံးယောက်ပါသွားတယ် ၊ အခုဟာက ကားရော လူတွေပါ လုပ်ငန်းခွင်ထဲမှာ ပျောက်ဆုံးနေတယ် ၊ အဲ့ဒါကြောင့် မြိုနယ်ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ် အကြောင်းကြားပြီး ကားပျောက် လူပျောက် အမှုဖွင့်ရတယ်လို့ စည်ပင်ဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာ၀န်ရှိသူ တယာက်က
” မုံရွာ နယ်မြေရဲစခန်းက အမှုလက်ခံဆောင်ရွက်နေပြီး ဖြစ်စဥ်ကို စုံစမ်းနေပါတယ် ” လို့ ပြောပါတယ်။
​ပြီးခဲ့တဲ့ ၂၀၂၃ တုန်းက မုံရွာခရိုင် ဘုတလင်မြို့နယ်မှာ စည်ပင်သာယာ ဌာနပိုင် အမှိုက်သိမ်းယာဥ် တစီး ကြောင်ပန်းတောရကျောင်းဘက် အမှိုက်သွားစဥ် ကားရောလူတွေပါ ပျောက်ဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ငါးနှစ်ကာလအတွင်း အစိုးရ ဌာနပိုင် ယာဥ်နဲ့ ယာဥ်မောင်းသူတွေပါ ပျောက်ဆုံးမှုတွေဖြစ်ပြီး တချို့လည်း အခုထိတိုင် ဆက်သွယ်မရ ပျောက်ဆုံးနေသလို တချို့​တော့ ပြန်လည်လွတ်မြောက်လာသူ ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

VOM News

FREE
VIEW