ဗန်းမော် အမတ ၃၆၆ နဲ့ လေယာဉ်ကွင်းကို နလအတပ်က ပြန်ရ

ဩဂုတ် ၁၂၊ ၂၀၂၅
JM (VOM)
ဗန်းမော် အမတ ၃၆၆ နဲ့ လေယာဉ်ကွင်းကို ဒီရက်ပိုင်းအတွင်း အစိုးရစစ်တပ်က ပြန်ရထားကြောင်း KIA ​ရော စစ်တပ် နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
“အမတ ၃၆၆ နဲ့ လေယာဉ်ကွင်းတွေဘက်ကနေ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အရင်ရက်ကတည်းက ဆုတ်ထားတယ်လို့ သိရတယ်” လို့ KIA နဲ့ နီးစပ်သူ တ‌ယောက်က ပြောပါတယ်။
နလအတပ်ဘက်က ဒရုန်းနဲ့ လေကြောင်းကိုသာ အဓိက အသုံးပြု တိုက်ခိုက်နေပြီး လက်နက်ကွာဟမှုတွေကြောင့် ဆုတ်ခွာထားရခြင်းဖြစ်တယ်လို့ သိရကြောင်း သူက ပြောပါတယ်။
“ဗန်းမော်က အမတ ၃၆၆ ဆိုတဲ့ နေရာ လက်လွှတ်ခဲ့ရတယ်လို့ ကြားတယ်။ လေယာဉ်ကွင်းကိုတော့ ရှောင်ပေးထားတယ်လို့ ကြားသိရတယ်” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
တပ်ထောက်ခံတဲ့ အင်အားစုတွေကတော့ ဗန်းမော်မြို့အတွင်းရှိ အမတ ၃၆၆၊ စရတ (ဗန်းမော်) နဲ့လေယာဉ်ကွင်းတွေကို ပြန်လည် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားထားကြပါတယ်။
မန္တလေး ဂေါဝိန်ဆိပ်ကနေ ဗန်းမော်ဘက် စစ်ကူတက်လာတဲ့ စစ်ရေယာဉ်‌ေတွ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ဗန်းမော်ကို ဆိုက်ရောက်လာခဲ့ပြီးနောက် ဗန်းမော်မှာ နှစ်ဖက် တိုက်ပွဲ ပြန်လည် ပြင်းထန်ခဲ့ပြီး​နောက် ခုလိုပြန်သိမ်းပိုက်တာဖြစ်ပါတယ်။
Photo Crd# ဗမမတ

Related posts

VOM News

FREE
VIEW