မာလီမှာ နောက်ထပ်အာဏာသိမ်းဖို့ ကြံစည်ပြန်လို့ ဒါဇင်များစွာ အဖမ်းခံရ

ဘာမာကို၊ ဩဂုတ်-၁၂-၂၀၂၅
ရတီ(VOM)
အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တဲံ မာလီနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့အတွက် အာဏာသိမ်းဖို့ ကြံစည်ပြန်တယ်ဆိုကာ စစ်တပ်တာဝန်ရှိသူတွေအပါအဝင် လူဒါဇင်နဲ့ချီ ဖမ်းဆီးခံရကြောင်း သိရပါတယ်။
ဒါဟာ မြောက်ပိုင်းမှာ ဂျီဟတ်သူပုန်တွေ အင်အားတိုးလာနေတဲ့ အခြေအနေနဲ့အတူ စစ်အစိုးရအတွင်း တင်းမာမှုတွေ မြင့်တက်လာနေတဲ့ အရိပ်လက္ခဏာဖြစ်ပြီး ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေခြေရှိနေပါတယ်။
အစောပိုင်းသတင်းတွေအရ မော့ပ်တီ ဒေသရဲ့ အုပ်ချုပ်မှူးရေးဟောင်း ဗိုလ်ချု့ပ် အဘက်စ်ဒမ်ဘီလီနဲ့ မာလီစစ်တပ်ရဲ့ အမြင့်ဆုံးရာထူးတွေမှာ ရှိနေတဲ့ အမျိုးသမီးအနည်းငယ်ထဲက တယောက်ဖြစ်တဲ့ ဗိုလ်ချုပ် ဆာဂါရာ တို့ဟာ ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ဒမ်ဘီလီ နဲ့ နီးစပ်သူတယောက်ကတော့ သူတို့နှစ်ဦးစလုံး ဖမ်းဆီးခံမရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဖမ်ဆီးခံရတဲ့စစ်သားတွေဟာ အစိုးရကို အာဏာသိမ်းဖို့ ကြံစည်းနေခဲ့သူတွေဖြစ်တယ်လို့ မာလီအသွင်းကူးပြောင်းရေးကောင်စီ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဖမ်းဆီးမှုတွေဟာ ရက်အနည်းငယ်ကြာ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး လူ ၅၀ လောက်ရှိနေပြီလို့ ဆိုပါတယ်။ ဒီဖမ်ဆီးမှုတွေဟာ ယခင်ဝန်ကြီးချုပ်ဟောင်း မော့ဆာမာရာနဲ့ မိုင်ဂါတို့ကို စစ်အစိုးရ ဖိနှပ်မှုတွေကြောင့် နိုင်ငံရေး တင်းမာမှု‌တွေ ရှိလာချိန်မှာ ဖြစ်ပွားခဲ့တာပါ။
မေလမှာ စစ်တပ်အာဏာပိုင်တွေက  နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းလိုက်ပြီး ဒီလုပ်ရပ်ဟာ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို ပြင်းထန်စွာ ထိခိုက်စေတဲ့လုပ်ရပ်လို့ ဝန်ကြီးချုပ်ဟောင်းတွေက ဝေဖန်ခဲ့ပါတယ်။
၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ အာဏာသိမ်းမှု နှစ် ကြိမ်လုပ်ပြီး အာဏာရလာခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂိုယာတာ ဟာ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ကတိပေးခဲ့ပေမယ့် ယခုထိ အထမမြောက်သေးပါဘူး။
ဇူလိုင်လမှာ အကူးအပြောင်းကာလကို ငါးနှစ် တိုးခဲ့ပြီး ၂၀၃၀ အထိ သူဆက်လက်ခေါင်းဆောင်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ မာလီနိုင်ငံဟာ ၂၀၁၂ ခုနှစ်ကတည်းက အစ္စလာမ်မစ်သူပုန်တွေနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ စစ်တပ်အာဏာသိမ်းရတဲ့ အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂျီဟတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ပိုမိုဆိုးရွားလာပါတယ်။
ပြင်သစ်နဲ့ ဆက်ဆံရေးဖြတ်တောက်ပြီးနောက် မာလီနိုင်ငံဟာ ရုရှားမဟာမိတ်တွေရဲ့ အကူအညီကို ရယူကာ နိုင်ဂျာ၊ ဘာကီနာဖာဆိုနိုင်ငံတွေနဲ့အတူ ဒေသတွင်းက ဂျီဟတ်တိုက်ခိုက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် လုံခြုံရေးအခြေအနေ သိသိသာသာ မတိုးတက်သေးပါဘူး။
Ref: BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW