လာရှိုးနဲ့ မူဆယ်မှာ တရုတ်ကုန်စည်တွေ ဆက်တိုက် စစ်ဆေး ဖမ်းဆီးနေ

ဩဂုတ် ၁၄၊ ၂၀၂၅
Shy V (VOM)
လာရှိုးနဲ့ မူဆယ်မှာ ဒီရက်ပိုင်းအတွင်း နလအ အဖွဲ့တွေက တရုတ်ကုန်တွေ ဆက်တိုက် စစ်ဆေး ဖမ်းဆီးနေကြောင်း ယာဉ်မောင်းတွေနဲ့ အဝယ်တော် တွေဆီက သိရပါတယ်။
“မူဆယ် ဆင်ဖြူပေါက်မှာလည်း ဘာမှ မရဘူး။ အကုန်ဆွဲချတယ်။ ကားနဲ့လည်းမရဘူး။ ဂိုဒေါင်တွေမှာလည်း လိုက်စစ်တယ်။” လို့ အဝယ်တော် တယောက်က ပြောပါတယ်။
မူဆယ်ကနေ အောက်ဘက် ပို့ထားတဲ့ ကုန်တွေလည်း လမ်းကြောင်း တလျှောက်မှာ ပိတ်မိနေပြီး နယ်စပ်ကို မှီခို နေကြရတဲ့ ‌ပြည်သူတွေ အခက်ကြုံ နေရတယ်လို့ သူက ပြောပါတယ်။
“အခွန်ဆောင်ချင်တယ်လေ။ အခွန်ဆောင်လို့ ရအောင်မှ မလုပ်ပေးနိုင်တာ။ အဲလိုဖမ်းလေ မှောင်ခိုဈေးကွက်က ကြီးထွားလေ ဖြစ်မှာပဲ။ အခုက အသီးတွေပါ ဆွဲချ နေတာ။ ပိတ်တယ် ဆိုရင် နယ်စပ်ဂိတ်ကို ရအောင်ပိတ်လိုက်။ ငွေလည်း ယူသေး၊ ပစ္စည်း ကလည်း ဖမ်းသေး” လို့ သူက ရှင်းပြပါတယ်
တရုတ်ဘက်က ကုန်စည်တွေကို လိုင်စင်ချမပေး၊ အခွန်ဆောင်မရ ပေမယ့် တရုတ်နယ်စပ် တလျှောက်ကနေ ထွက်လာတဲ့ ကုန်တွေ အားလုံး စစ်တပ် နဲ့ ဌာနဆိုင်ရာ အကုန်လုံးကို ‌အခွန်ထက် ပိုများတဲ့ ငွေကြေး ပေးဆောင်ရတာဖြစ်ပြီး အရင်က လိုင်စင်ချပေးတုန်းက မှောင်ခိုဈေးကွက်ဆိုတာ မရှိသလောက်ပဲလို့ သူက ပြောပါတယ်။
“လားရှိုးမှာ အခု ပေးလည်း မဝင်တော့ဘူး။ ပေးလည်း မထွက်တော့ဘူး။ ဝောာင်ပိုင်းဆင်းမယ့် ကားတွေ အကုန် ပြန်လှည့်လာကြတယ်။” လို့ ယဉ်မောင်း တယောက်က ပြောပါတယ်။
တောင်ကြီးဘက်၊ မန္တလေး အဝင်ဘက်၊ စစ်ကိုင်းတံတားဘက်တွေမှာရော အဖမ်းအဆီး ကြမ်းနေတယ်လို့ သူက ပြောပါတယ်။
ပြည်တွင်း လိုအပ်နေတဲ့ ကုန်စည်တွေ ပြည်တွင်းမှာ မထုတ်နိုင်သလို လိုင်စင် ချမပေးသရွေ့၊ အခွန်ဆောင် လို့မရသရွေ့ကတော့ မှောင်ခိုဈေးကွက်က ပိုမိုကြီးထားလာဖို့ပဲ ရှိတယ်လို့ ဆိုပါတယ်။
နယ်စပ် ကုန်သွယ် လိုင်စင်တွေ ချမပေးပဲ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ လတ်တလော တရုတ်ကုန်တွေ ဖမ်းဆီးနေတာကြောင့် ယာဉ်တွေ ရပ်နားထားရတာ‌ေကြာင့် ယာဉ်မောင်းတွေနဲ့ ယာဉ်‌ေမာင်းတွေကို မှီခိုနေရတဲ့ မိသားစုတွေက စားဝတ်နေရေး ပိုမို ကြပ်တည်း ခက်ခဲနေရ‌ေကြာင်း ယာဉ်မောင်း‌ေတွက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ ကတည်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊တရုတ်နယ်စပ် ကနေ ကုန်သွယ်ခွင့်လိုင်စင်တွေကို ချမပေးတော့တာဖြစ်ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
Photo :VOM

Related posts

Leave a Comment

VOM News

FREE
VIEW