ဆိပ်ဖြူမှာ လေကြောင်းက တိုက်ခံရလို့ ကိုးယောက်သေပြီး ဒဏ်ရာရသူများပြား

ဩဂုတ် ၁၉ ၊ ၂၀၂၅
GG (VOM)
မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာနှစ်ခုမှာ ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသူ ကိုး ယောက်ရှိထားပြီး ဒဏ်ရာရသူတွေလည်းများတယ်တယ်လို့ သိရပါတယ်။
လေကြာင်းတိုက်ခိုက်ခံရတဲ့ရွာတွေက ရှလရွာ နဲ့ ကျွန်းတောရွာတို့ဖြစ်ကာ ၊ လေကြောင်းဗုံးကြဲခံရမှုကြောင့် ကျွန်းတောရွာမှ ငါးယောက်သေဆုံးပြီး ဒဏ်ရာရ လူနာများကြောင်း ၊ ရှလရွာမှာက လေးယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ သုံးယောက်ရှိခဲ့တယ်လို့သိရပါတယ်။
” ရှလရွာက လေးယောက်သေတယ်။ လမ်းသွားချိန် ဗုံးကြဲခံရပြီး ထိပြီးသေသွားကြတာ။ လူတွေရောနွားတွေရောပဲ။မနက် ၁၀ နာရီလောက်မှာလာကြဲသွားတာ။ သေတဲ့အထဲမှာအမျိုးသမီးတယောက်ပါတယ်။ ကျန်တာအမျိုးသားသုံးယောက်ပါ။ ဒဏ်ရာရသုံးယောက်ထဲမှာတယောက်ကစိုးရိမ်ရတယ်။ ကျွန်းတောမှာက ငါးယောက်ပွဲချင်းပြီးဆုံးတယ်။ ဒဏ်ရာရသူလည်းများတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။
အဆိုပါ ကျေးရွာနှစ်ခုလေကြောင်းတိုက်ခိုက်ခံရမှုမှာ လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာလူနာတွေများတာကြောင့် ကုသမှုပေးနိုင်ဖို့ဆောင်ရွက်နေပြီး အိမ်မွေးတိရစ္ဆာန်အနေနဲ့ နွားတွေလည်းထိခိုက်သေဆုံးမှုရှိတယ်လို့သိရပါတယ်။
မနေ့က ဩဂုတ် ၁၈ ရက်နေ့ ညပိုင်းကလည်း ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲက ပန်းတော်ကန်ကျေးရွာမှာနဲ့ ချက်ကန်ရွာမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW