မြစ်ကြီးနား အထက-၃ ကျောင်းအရှေ့က ကိုယ်ပိုင်အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဩဂုတ် ၁၈၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထက ၃ ကျောင်းအရှေ့လမ်းကြားက All Star ကိုယ်ပိုင် အထက်တန်းကျောင်းအနီးမှာ ဩဂုတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီကျော် ၀န်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“All Star မှာလေ တံခါးချပ်တွေမှာလည်း အပေါက်တွေ ဖြစ်သွားတယ်။ ကားတွေလည်း ထိတယ်။ ဗုံးစတွေ အထဲ စားပွဲထိ စင်လာတာ ဒီနေ့ လူတွေ ထိုင်မနေလို့ တော်သေးတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လူထိခိုက်မှုမရှိ ပေမယ့် ကား Landcrusier တစီး၊ Honda Fit တစီး နဲ့ Air wave တစီး ဗုံးစထိမှန်ပပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
“အိမ်ပေါ်မှာပါ ခဲစတွေလာမှန်တယ်။ ကြောက်လန့်စရာပါ။ ကလေးတွေရဲ့ ကျောင်းနား ဗုံးလာခွဲတာကတော့ ဦးနှောက်မရှိတဲ့ အဖွဲ့တွေ နေမှာပါ” လို့ အနီးနား နေထိုင်သူက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ကား သုံးစီး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဘယ်သူတွေ ဘာကြောင့် ဗုံးခွဲသွားတယ်ဆိုတာ မသိရဘူးလို့ သူက ပြောပါတယ်။
ဒေသခံတွေကတော့ ကျောင်း အနီးမှာ ‌ဗုံးလာရောက် ဖောက်ခွဲတာကြောင့် ပိုပြီး စိုးရိမ် စိတ်ပူ နေကြရတယ်လို ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းကလည်း ငြိမ်းချမ်းရေး ဖိုရမ် တက်ရောက်ခဲ့တဲ့ ဒေါက်တာတူးဂျာ နေအိမ်နဲ့ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နေအိမ်တွေ ဗုံးပစ်ခတ် ဖောက်ခွဲခံရ သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း ယုဇနရပ်ကွက်ရှိ ဒေါက်တာတူးဂျာနေအိမ်အနီး ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
Video Crd# ဒေသခံ
#voiceofmyanmar #VOM #မြစ်ကြီးနား အထက ၃ ရှေ့ လမ်းကြား ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW