ကသာက စစ်သင်္ဘောရှောင်ဒေသခံ​တွေ နေရပ်မပြန်နိုင်သေး

သြဂုတ် ၂၄-၂၀၂၅
KBT(VOM)
ဧရာဝတီမြစ်အထက်ပိုင်းကိုဆန်တက်သွားတဲ့စစ်သင်္ဘောတွေဟာ မြစ်အောက်ဘက်ကို စုန်ဆင်းလာဖို့ကြန့်ကြာနေတဲ့အတွက် စစ်သင်္ဘော​တွေ တက်လာပြီဆိုကတည်းက တိုက်ပွဲဖြသ်မှာသိလို့ ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ နေ့စဉ်အသုံးစရိတ်ကုန်ကျတာ များလာတယ်လို့ စစ်သင်္ဘောဘေးရှောင်နေတဲ့ဒေသခံတွေကပြောပါတယ်။
မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဇူလိုင်လ(၁၇)ရက်ကစထွက်လာတဲ့ စစ်အုပ်စုရေယာဉ်ဟာ ကသာမြို့ ဆိပ်ကမ်းကိုဇူလိုင်လ(၂၅)ရက်က ရောက်လာခဲ့ပြီး ဇူလိုင်လ(၂၆)ရက်ကမြစ်အထက်ကို စထွက်သွားပါတယ်။
“စစ်သင်္ဘောတွေစထွက်လာပြီဆိုတဲ့ သတင်းရပြီးကတည်းက မြစ်ကမ်းဘေးကျေးရွာတွေကရှောင်တိမ်းဖို့ပြင်ဆင်ကြရတယ်။ တချို့လည်းမြစ်ကမ်းနဲ့ဝေးရာ‌ တောတောင် အနောက်ဘက်တွေကိုဝေးဝေးရှောင်ကြတယ်။ တစ်ချို့ကတော့ ကသာမြို့ပေါ်မှာရှောင်ကြတယ်။ တောတောင်ဘက်ရှောင်တဲ့သူတွေကတော့ သင်္ဘောဆန်တက်သွားပြီးရင်ရွာပြန်လာနေကြပေမယ့် ကသာမြို့ပေါ်သွားပြီးရှောင်တဲ့သူတွေကတော့ကုန်ကျစရိတ်တွေများတယ်”လို့‌ စစ်သင်္ဘောဘေးရှောင်ဒေသခံကပြောပါတယ်။
ကသာမြို့ပေါ်ကို စစ်သင်္ဘောဘေးရှောင်ကြသူများကတော့အသက်အရွယ်ကြီးသူတွေ၊ကျန်းမာရေးမကောင်းသူတွေနဲ့ကလေးငယ်ရှိသူတွေဖြစ်တာမို့ ရက်ကြာလာတာနဲ့အမျှကုန်ကျစရိတ်က သိသာလာတာဖြစ်ပါတယ်။
“မိုး‌တားလေးကနေ ကသာမြို့ကို လာရှောင်နေတာ။ သင်္ဘောက ဗန်း‌မော်တက်သွားတာ ခုချိန်ထိပြန်မဆင်းလာသေးဘူး။ ဒီနေ့ဆင်းခဲ့မလား၊နောက်နေ့ဆင်းခဲ့မလားနဲ့ မလာခဲ့သေးဘူး။‌သင်္ဘောရှောင်မယ်ဆိုပြီးငွေဆယ်သိန်းထည့်လာတာ။ ဝယ်ရင်းစားရင်းနဲ့ကုန်ပြီ”လို့ကသာမြို့ပေါ်စစ်သင်္ဘောရှောင်နေသူကဆိုပါတယ်။
ခုဆိုရင် ကသာက​နေ မတ္တ​လေးကိုသွားတဲ့လာတဲ့ လိုင်းကားလည်းမရှိ​တော့ ကသာမှာ အစစ အရာရာ ကုန်​စျေးက ကြီးမြင့်​နေပါတယ်။
ဒါ​တွေအပြင် ဩဂုတ်လ(၁၁)ရက်၊(၁၂)ရက်၊(၁၃)ရက်က စစ်ကိုင်းတိုင်းဝက်လက်မြို့အ‌ရှေ့ခြမ်းအမှတ်(၃)ခရိုင်ချင်းဆက်လမ်းမှာကုန်ကားအချို့ရပ်နားထားခိုက်၊ လေယာဉ်နဲ့ဗုံးကျဲခဲ့တဲ့အတွက် ကသာမြို့တွင်းရှိကုန်သည်တွေမှာယူထားတဲ့၊ ကုန်စည်လူသုံးကုန်းတွေထိခိုက်ဆုံးရှုံးခဲ့ကြရလို့ ကုန်ပစ္စည်းပြတ်လပ်ဈေးနှုန်းတတ်သွားတာတွေရှိနေပါတယ်။
“ကသာမှာ လက်ရှိအကြော်ဆီလို့ခေါ်တဲ့စားအုန်းဆီကပြတ်နေတယ်။ တရုတ်ကလာတဲ့ဆီ သုံးနေရတယ်။ တရုတ်ကြက်ဥ၊ တရုတ်ကလာတဲ့မုန့်မျိုးစုံပေါတယ်။ ဈေးတော့မပေါဘူး။
ဆေးလိပ်တွေပြတ်နေတယ်။ ဆိုင်ကယ်ကယ်ရီသမားတွေဆီကဝယ်ရတယ်။ ဆေးတွေကလိုအပ်တဲ့ဆေးဝါးမေးလိုက်ရင်မရှိဘူး။ ရှိတာဝယ်သုံးနေရတယ်။ ကားလမ်းတွေကြန့်ကြာနေတယ်။
တော်တော်နဲ့ ကုန်ပစ္စည်းတွေကမရောက်ဘူး။ လျှပ်စစ် မီးကမရဘူး ဓါတ်ဆီ၊ ဒီဇယ်နဲ့အလုပ်လုပ်နေရတယ်။ အိမ်သုံးထင်း ၊မီးသွေးသယ်ရင်လမ်းမှာဂိတ်တွေက မလွတ်တမ်းပေးရတယ်။မီးသွေးတအိတ်တသောင်းကျော်သွားတယ်။လမ်းမှာဂိတ်တွေကတောင်းလို့တစ်အိတ်ကို(၂၅၀၀)ကျပ်လောက်ကျသွားတယ်။ ကသာမြို့ကိုသုံးဘီးနဲ့တင်ခဲ့တယ်။ ဆီဖိုးနဲ့ဆိုတော့ဈေးကခုန်တတ်သွားရော”လို့ကသာမြို့ဒေသခံကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းကိုတင်ပို့မယ့်ကုန်ပစ္စည်းအချို့ကိုလည်း(နလအ)ကကန့်သတ်တားမြစ်ထားတာတွေရှိတဲ့အတွက် ဆိုင်ကယ်ကယ်ရီလမ်းကြောင်းက‌ ဝင်လာတဲ့ပစ္စည်းနဲ့ တရုတ်နိုင်ငံထွက်ပစ္စည်း‌တွေကိုသာ‌ဈေးကွက်မှာအများဆုံးအသုံးပြုစားသုံးနေရတာလည်းဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW