ငြိမ်းချမ်း​ရေးကို အဓိကထားလုပ်မယ့် ပြည်သူ့ပါတီ (PP )

ပြည်သူ့​ပါတီ ( People Party) ဥက္ကဋ္ဌ ဦးကိုကိုကြီးဟာ မန္တ​လေးတိုင်းအတွင်းက ပြည်သူ့ပါတီဝင်​တွေ၊ ရပ်မိရပ်ဖ​တွေ ​တွေ့ဆုံပွဲ တခု မန္တ​လေးမှာ ဒီ​နေ့ စက်တင်ဘာ၆ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သူတို့ပါတီအ​နေနဲ့ တိုင်းပြည်အတွက်အ​ရေးကြီးဆုံးဖြစ်တဲ့ ငြိမ်း​ချမ်း​ရေးကို အဓိကထားလုပ်​ဆောင်မယ့်အ​ေကြာင်း ထည့်သွင်း​ပြောကြားသွားပါတယ်။
ပြည်သူ့​ပါတီဟာ လာမယ့်​ရွေး​ကောက်ပွဲမှာ ပြည်​ထောင်စုအဆင့်အ​နေနဲ့ မဲဆန္ဒနယ် အကုန်နီးပါး ဝင်​ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ​ဦးကိုကိုကြီးကို တွေ့ဆုံပွဲ​အပြီးမှာ VOM အယ်ဒီတာချုပ် ဦး​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။
ပြည်သူ့ပါတီအ​နေနဲ့ ​ရွေး​ကောက်ပွဲ​ကော်မရှင်က သတ်မှတ်တဲ့ အရည်အချင်းနဲ့ အ​ရေအတွက်​တွေပြည့်ပြီလား ဘာအခက်အခဲ​တွေရှိ​နေသလဲ၊ ဘာ​​တွေပြင်ဆင်ထားသလဲ၊ ဘဏ္ဍာ​ငွေ ဘယ်လိုရှာ​ဖွေသလဲဆိုတာ ​မေးကြည့်​ထားပါတယ်။
ရိုက်ကူး တည်းဖြတ် ရှိုင်း​အောင်
#voiceofmyanmar #VOM #​​ဦးကိုကိုကြီး #PP #ပြည်သူ့ပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW