စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးအချို့က မိဘတွေထံဖုန်းဆက်ပြီးငွေ ကြေးတောင်းခံမှုတွေရှိနေ

စက်တင်ဘာ ၆ – ၂ဝ၂၅
KKO(VOM)
စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး မန္တလေးမြို့ပေါ်ကရပ်ကွက် အုပ်ချုပ်ရေးမှူး(အုပ်ကြီး)အချို့ကမိဘတွေထံ ဖုန်းဆက်ပြီးငွေကြေးတောင်းခံမှုတွေရှိနေတယ်လို့ နစ်နာသူကာယကံရှင်ဖြစ်သူတွေက VOM သတင်းဌာနသို့ ပေးပို့ပြောပြလာပါတယ်။
မန္တလေးမြို့ပေါ်က ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ် ကွက် အုပ်ချုပ်ရေးမှူးဆိုပြီး ဖုန်းနံပါတ် 09-956132315 နဲ့ စစ်မှု ထမ်းစာရင်းပါဝင်တယ်ဆိုတဲ့သူတွေထံသို့ဆက်သွယ်ကာ စစ်မှုမထမ်းချင်ပါက ငွေကြေးကိစ္စတွေကို ညှိနှိုင်းဖို့ဆက်သွယ်အကြောင်း ကြားလာပြီးငွေကြေးကိုလည်း စစ်မှုထမ်းမပါဝင်တာကို ပါဝင်တယ်ဆိုပြီးလိမ်လည်တောင်းခံလာတာဖြစ်တယ်လို့ နစ်နာသူတွေကပြောပါတယ်။
စစ်မှုထမ်းစာရင်းမှာပါဝင်တယ်ဆိုပြီးငွေကြေးလိမ်လည်တောင်းခံတဲ့ ချမ်းစည်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကာယကံရှင်တယောက်တို့ ပြောကြားထားတဲ့ ၇ မိနစ်ကျော်ကြာမြှင့်တဲ့ အပြန်အလှန်စကား ပြောဆိုထားကြတဲ့ ဖုန်းအသံဖိုင်တခုကိုလည်း VOM ကသက်သေအဖြစ်ရရှိထားပါတယ်။
“သူပြောပုံအရဆိုရင် ပိုက်ဆံနဲ့ဖြေရှင်းလို့ရတယ်ပေါ့။စစ်မှုထမ်းကရန်ကုန်ရော မန္တလေးရောခေါ်နေတာကြာပြီ။အိမ်ကသားလည်းစစ်မှု ထမ်းစာရင်းပါတယ်။အဲဒါကိုမိဘတွေအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး ‌စစ်မှုထမ်းမသွားချင်ရင်ငွေပေးလို့ရတယ်။ သူကတဆင့်မြို့နယ်မှူးကို ညှိနှိုင်းပေးမယ်။ နောက်စစ်မှုထမ်းကင်းလွတ်ခွင့် စာရွက်လည်း သူယူပေးမယ်ဆိုပြီး ငွေကြေးတောင်းခံညှိနှိုင်းလာတာဖြစ်တယ်”လို့ ညှိနှိုင်းခံရတဲ့ ကာယကံရှင်တယောက်က VOM ကို ပြောပြပါတယ်။
စစ်မှုထမ်းကိစ္စအတွက် ချမ်းစည်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုပြီးဖုန်းဆက်လာတဲ့အသံဖိုင်ထဲမှာတော့ “ယခုကိစ္စအတွက် မြို့နယ်မှူးနဲ့ညှိပေးလို့ရကြောင်း ငါးသောင်း၊တသိန်းနဲ့တော့အလုပ်မဖြစ်ကြောင်းနဲ့ မိဘတွေဘက်က အဆင်ပြေသ လောက်ငွေကြေးကိစ္စကိုဆွေးနွေးလို့ရကြောင်းနဲ့ ညှိနှိုင်းလို့ အဆင်မပြေဖြစ်ခဲ့ပါက စစ်မှုထမ်းပါဝင်သူကို ည ၁ဝ နာရီခေါ်ခိုင်းထားတာဖြစ်လို့လာရောက်ခေါ်ဆောင်မှာဖြစ်တယ်”လို့ ပြောဆိုခဲ့တာကိုလည်းကြားသိရပါတယ်။
ဒီလိုစစ်မှုထမ်းကိစ္စရပ်နဲ့ ပတ်သက်လို့မသိနားမလည်သူတွေဆီကနေငွေကြေးလိမ်လည်တောင်းခံတာတွေဟာလည်းအောက်ခြေမှာအများအပြားဖြစ်ပေါ်နေတယ်လို့လည်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာနေထိုင်သူအချို့က ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရန်ကုန်မြို့က မြို့နယ်၊ရပ်ကွက်အချို့မှာ စစ်မှုထမ်းကိစ္စနဲ့ပတ် သက်လို့ ရပ်မိ၊ရပ်ဖတွေကိုရပ် ကွက်အုပ်ချုပ်ရေးမှူး(အုပ်ကြီး) အချို့ကအစည်းအဝေးခေါ်ယူတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
“မနေ့က ရပ်ကွက်ရုံးက ခေါ်လို့သွားရတယ်ဗျာ့။စစ်မှုထမ်းဖို့အတွက်လိုက်မယ်ဆိုရပ် ကွက်ကထောက်ပံ့မယ်။မလိုက်ဘူးဆိုလိုက်မယ့်သူကိုထောက်ပံ့ရမယ်တဲ့သေချာတော့မသိရသေးဘူး။စာရင်းကသူတို့သတ်မှတ်ထားတဲ့အသက်ပြည့်မီသူတွေအကုန်ပါပါတယ်”လို့ ရန်ကုန် မြို့မှာ နေထိုင်သူတယောက်က VOM ကို ဆက်ပြီး ပြောပြပါတယ်။
လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်းဟာ အပတ်စဉ်(၁၈)အထိ ရောက်ရှိလာပြီပဲဖြစ်တယ်လို့လည်း သိရပါတယ်။
သို့သော် ယခုလိုစစ်မှုထမ်းကိစ္စရပ်တွေနဲ့ပတ် သက်လို့ အောက်ခြေမှာငွေကြေးလိမ်လည်တောင်းခံတာ လာဘ်ပေးလာဘ်ယူပြုလုပ်တာတွေရှိလာပါက ပြည်သူ့စစ်မှု့ထမ်း(ဗဟို) ထံသို့ဆက်သွယ်တင်ပြတိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ပြည်နယ်နဲ့ တိုင်းအသီးသီးတို့ရဲ့ ပြည်သူ့စစ်မှု့ထမ်းကိစ္စနဲ့ ပတ်သတ်လို့ ငွေကြေးနဲ့ညှိနှိုင်းခြင်း၊ စစ်မှု့ထမ်းဥပဒေနဲ့ကိုက်ညီမှု့မရှိသောကျူးလွန်ဆောင် ရွက်မှုတွေရှိနေတယ်လို့သတင်းတွေအရ အဲဒီလိုကျူးလွန်ဆောင်ရွှက်မှုတွေရှိလာပါက ပြည်သူ့စစ်မှု့ထမ်း(ဗဟို)ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့ 067- 3404922, 067-3404933, 067- 3404944, 067-3404911 တို့ကို ဆက်သွယ်တိုင်ကြားနိုင်မယ်လို့ဒါအပြင် ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေအပေါ်မှာလည်း ရန်ကုန်မြို့နေ အမည်မဖော်လိုသူပြည်သူတယောက်က အခုလိုပြောပြခဲ့ပါတယ်။
“အသက်ပြည့်မီတဲ့ လူငယ်တွေကိုသူတို့ကအကုန်တောင်းတာပါ။ အကယ်လို့စစ်မှုထမ်းမလိုက်ချင်ဘူးဆိုရင်အခြားရပ်ကွက်ကလူတွေဝယ်ရတယ်။ဆေးသမားတွေညဘက်ထွက်တဲ့သူခိုးတွေကိုသူတို့ကလိုက်ဖမ်းတယ်။အဲဒါတွေနဲ့သူတို့ကလူစားထိုးပြီးထည့်လိုက်တာပေါ့။ကုန်ကျစရိတ်တွေကိုတော့ စစ်မှု ထမ်းစာရင်းမှာပါတဲ့သူတွေအကုန် လုံးကမျှခံရမယ်”လို့ သူက ပြောပြပါတယ်။
အဲဒါအပြင် ယခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီ တိုင်းအစပ်ကကျေးရွာအချို့မှာလည်း စစ်မှုမထမ်းလိုပါက လူစားထိုးလိုပါက လူတယောက်ကိုအစားထိုးပါက ကျပ်သိန်း ၁ဝဝ အထိတောင်းခံမှုတွေရှိနေတယ်လို့လည်းဒေသခံပြည်သူတွေရဲ့စကားသံတွေအရ VOM က သိရှိရပါတယ်။
Photo – CJ
ပုံစာ – ပုံစာ – ပြည်သူ့စစ်မှုထမ်း အပတ်စဉ်တခုမြင်ကွင်း။

Related posts

Leave a Comment

VOM News

FREE
VIEW