ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် အနုတင် ကတိပြု

ဘန်ကောက်၊ စက်တင်ဘာ-၆-၂၀၂၅
ရတီ(VOM)
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်က လစ်လပ်နေတဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ပြီး ရွေးကောက်ပွဲသစ်ကျင်းပမယ့် ကတိကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။
ရှေးရိုးစွဲ စီးပွားရေးလုပ်ငန်းရှင်ကြီး အနုတင်ချာဗီရာကွန်းကို သောကြာနေ့ မှာ လွှတ်တော်က ဝန်ပြီးချုပ်အဖြစ် အတည်ပြုလိုက်ပြီးနောက် ရာထူးကဖယ်ရှားခံရတဲ့ ပေတုန်တန်ရှင်နာဝပ်ထရာနေရာကို ဆက်ခံခဲ့ပြီး ဖြူထိုင်ပါတီရဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ပါတယ်။
လွှတ်တော်အမတ်နေရာ အများဆုံးရရှိထားတဲ့ ပြည်သူ့ပါတီ လေးလအတွင်း လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ကျင်းပရမယ်ဆိုတဲ့ ကတိနဲ့အတူ သူ့ကို ဝန်ကြီးချုပ်နေရာကို ထောက်ခံခဲ့တာပါ။ “သဘောတူညီချက်အားလုံးကို လိုက်နာသွားမယ်” လို့ သောကြာနေ့က သူ့ပါတီရုံးချုပ်အပြင်ဘက်မှာ ပြောခဲ့ပါတယ်။
မိမိတာဝန်ထမ်းဆောင်ချိန်တိုအတွင်းမှာ ထိုင်းနိုင်ငံရဲ့ စိတ်ဓါတ်နဲ့ ခွန်အားကို ပြန်ယူပေးမယ်လို့ သူကပြောပါတယ်။ ပဋိပက္ခတွေကို မနှစ်သက်ဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ ဘယ်လိုမှ အပေးအယူ၊ ဖိနှိပ်မှုနဲ့ လက်စားချေတွေ မရှိဘူး လို့ အနုတင်က ပြောပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လက ပြည်ပပြေးဘဝကနေ ပြန်လာပြီးနောက် ဆေးရုံတက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ရဲ့အမှုကို အောက်တိုဘာလ ၁ ရက်နေ့မှာ တရားရုံးချုပ်က ဆုံးဖြတ်ရမှာဖြစ်ပြီး အချို့သော လေ့လာသူတွေကတော့ သူ့ကို ထောင်ချနိုင်တယ်လို့ ပြောထားပါတယ်။
ပေတုန်တန်ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကတော့ သူ့ရဲ့ အမှုရုံးချိန်မတိုင်ခင်မှာ စင်ကာပူဆိုပြီး ဒူဘိုင်းကို ရောက်ပြီး ဆေးကုသမှုခံယူနေပါတယ်။
အနုတင်းရဲ့ လက်ယာယိမ်. ဘွမ်ဂျိုင်ထိုင်းပါတီဟာ ၂၀၂၃ ခုနှစ်မှာ ဖြူထိုင်းပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ပေမယ့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဝန်ကြီးချုပ်ပေတုန်တန် တယ်လီဖုန်းမှတ်တမ်း အသံဖိုင် ပေါက်ကြားပြီးနောက် ညွှန့်ပေါင်းအဖွဲ့ကနေ ဇွန်လမှာ ထွက်ခွာခဲ့တာပါ။
ရှင်နာဝပ်ထရာမိသားစုတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ထိုင်းနိုင်ငံရေးရဲ့ အဓိကကျတဲ့သူတွေဖြစ်ခဲ့ပြီး နိုင်ငံတော်ရဲ့ ရှေးရိုးစွဲလူမှုစနစ်ကို ခြိမ်းခြောက်နေတယ်လို့ မြင်တဲ့ ဘုရင်စနစ်ထောက်ခံသူ၊ စစ်တပ်ထောက်ခံသူတွေနဲ့ ဆက်ဆံရေးမကောင်းခဲ့ပါဘူး။
Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW