စက်တင်ဘာ ၉ – ၂ဝ၂၅
KKO(VOM)
BGF (နယ်ခြားစောင့်တပ်)နဲ့ နီးစပ်တဲ့ BGF ကနေအသွင်ကူးပြောင်းလာတဲ့ ကရင့်အမျိုး သားတပ်မတော် KNA က ထိပ်ပိုင်းခေါင်း ဆောင်နှစ်ယောက်အပါ လူပုဂ္ဂိုလ် ၃ ဦးနဲ့ ရွှေက္ကိုလ်မြို့အတွင်းက စီးပွားရေးကုမ္ပဏီ ၆ ခုကိုအမေရိကန်အစိုးရကဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရရဲ့ဒဏ်ခတ်အရေးယူမှုစာရင်းထဲမှာထိုင်းကအကျဥ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ကျားဖြန့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်း၊ BGF (ကရင်နယ်ခြားစောင့်တပ်) ကနေ အသွင်ပြောင်းလာတဲ့ ကရင့်အမျိုးသားတပ်မတော် KNA က ဗိုလ်မှူးကြီး စောမင်းမင်းဦးနဲ့ ဗိုလ်မှူးစောတင်ဝင်းတို့ပါဝင်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။
ဒါအပြင် အဲဒီလူပုဂ္ဂိုလ် ၃ ခုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ထိုင်း- မြန်မာနှစ်နိုင်ငံ မြဝတီနယ်စပ်က စီးပွား ရေးလုပ်ငန်းကုမ္ပဏီအချို့ကိုပါအမေရိကန်အစိုးရက သူတို့ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာထည့်သွင်းလိုက်တယ်လို့ မေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့အကြီးအကဲ John K. Hurley က ထုတ်ဖာ်ပြောဆိုထားပါတယ်။
ဒါဟာအမေရိကန်အနေနဲ့ ရွှေက္ကိုလ်မြို့အတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို သတိပေးအရေးယူတာမျိုးဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေကယူဆထားပါတယ်။
“ထိုင်း- မြန်မာနယ်စပ်ကလက်နက်ကိုင်တွေကကျား ဖြန့်၊လူကုန်ကူး၊လက်နက်အရောင်းအ၀ယ်အစရှိတဲ့မဟုတ်တာမှန်သမျှအကုန်လုပ်တဲ့အပြင်၊ဂိတ်ပေါင်းစုံဖွင့်ပြီးငွေရှာနေခဲ့တာနှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပါပြီ” လို့ မြန်မာ့အရေးကိုလေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကို ပြောပြပါတယ်။
အမေရိကန်အစိုးရရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်း ချုပ်ရေးဌာန (OFAC)ကတော့ ဒါဟာအရှေ့ တောင်အာရှမှာရှိတဲ့ အွန်လိုင်းကျားဖြန့် ငွေလိမ်ကွန်ရက်ကြီးကိုဒဏ် ခတ်အရေးယူပိတ်ဆို့လိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အမေရိကန်အစိုးရအဆိုအရအဲဒီအွန်လိုင်း lကျားဖြန့် ငွေလိမ်ကွန်ရက်ကြီးဟာအကြမ်းဖက်မှုနဲ့အတင်း အဓမ္မလုပ်အားပေးခိုင်းစေမှု တွေကိုကျူးလွန်နေတယ်လို့ ဆိုထားပါတယ်။
ဒါအပြင် အဲဒီလုပ်ငန်းတွေနဲ့ဆက်စပ်နေတဲ့ မြဝတီနယ်စပ်ရွှေက္ကိုလ်မြို့သစ်အတွင်းက သက်ဆိုင်သူလူပုဂ္ဂိုလ် ၃ ဦးနဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့လိုက်တာဖြစ်တယ်လို့လည်း အမေရိကန်အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်အစိုးရ အဓိက ပစ်မှတ်ထားအရေးယူတာက KNA တပ်က အကာအကွယ်ပေးလည်ပတ်နေတဲ့ ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်းက ကျားဖြန့်လုပ်ငန်းတွေတည်ရှိရာ ရွှေက္ကိုလ်မြို့ကစီးပွား ရေးလုပ်ငန်းတွေကို အဓိကပစ်မှတ်ထားတာဖြစ်နိုင်တယ်လို့ ပြည်ပသတင်းဌာနကြီးတွေက သုံးသပ်ရှုမြင်ထားပါတယ်။
ဒါအပြင် ယခုအမေရိကန်အစိုးရရဲ့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ လူပုဂ္ဂိုလ် ၃ ဦးမှာ KNA တပ်က စောတင်ဝင်း၊ စောမင်းမင်းဦးနဲ့ SHE ZHIJIANG တို့ပါဝင်ပြီး ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ ကုမ္ပဏီ ၆ ခုကတော့ Myanmar Yatai International Holding Group Co., LTD. (Myanmar Yatai)၊ ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနဲ့ စက်မှုကုမ္ပဏီ၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ၊ ချစ်လင်းမြိုင်ကုမ္ပဏီ ၊ ရွှေမြစ်သောင်ရင်းစက်မှုနဲ့ ကုန်ထုတ် လုပ်ငန်းကုမ္ပဏီ၊YATAI INTERNATIONAL HOLDING GROUP LIMITED တို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အမေရိကန်အစိုးရဘက်က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ရွှေက္ကိုလ်မြို့အတွင်းက ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာထိခိုက်နစ်နာနေရတဲ့အတွက် အဲဒီဒေသမှာရှိတဲ့ လူပုဂ္ဂိုလ်တွေအပါအဝင် စီးပွားရေးလုပ်ငန်းပစ်မှတ် ၉ ခုကို ဒဏ်ခတ်အရေးယူခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါဟာအမေရိကန်အစိုးရအနေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကျားဖြန့်နဲ့ ဆက်နွယ်ပတ် သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုဒုတိယအကြိမ်အဖြစ်ဒဏ်ခတ်အရေးယူမှုဖြစ်တယ်လို့လည်းသိရပါတယ်။
