လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၄)

ဆူးငှက် ၁၉၅၄ ခု စက်တင်ဘာ ၁၂ ရက်နေ့က ကျောင်းများမှာ ဗုဒ္ဓဘာသာ သင်ခန်းစာ ပြန်သင်ပေးရန်နှင့်၊ နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းပေးရန် ဆန္ဒပြုအစည်းအဝေးကြီးကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်မှာ နေ့လယ် ၁နာရီက ကျင်းပတော့ လူတစ်သောင်းကျော် တက်ရောက်သတဲ့။ ၁၉၅၆ ခု၊ ဖေဖော်ဝါရီ ၅ ရက်နေ့က မန္တလေးခရိုင် ပမညတက ကြီးမှူးပြီး ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ကျင်းပသည်။ မန္တလေးတရားပွဲများ ရာဇဝင်တွင် အကြီးမားဆုံးဟု လူထုသတင်းစာက သတင်းပေးသည်။ ထိုနှစ် မတ်လ ၂၆ ရက်နေ့က ပါဠိတက္ကသိုလ်စာမေးပွဲ ရက်ရွှေ့သည်ကို မကျေနပ်သော ပါဠိတက္ကသိုလ် စာသင်သားများက အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် စုစည်းတောင်းဆိုကြသည်။ ထို့နောက်၊ နောက်ရက် မတ်လ ၂၆ ရက်မှာလည်း အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်း…

Read More

အီရန် နျူကလီးယားစက်ရုံတွေကို ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ အိုင်အေအီးအေပြော

တီဟီရန်၊ စက်တင်ဘာ-၁၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်ခဲ့တဲ့ နျူကလီးယား စက်ရုံတွေအပါအဝင် အီရန်ရှိ နျူကလီးယား စက်ရုံတွေအားလုံးကို ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) အကြီးအကဲ က ပြောပါတယ်။ အိုင်အေအီးရဲ့ ဘုတ်အဖွဲ့အစည်းအဝေးကို မနေ့က ပြုလုပ်ရာမှာ အီရန်နျူကလီးယား အရေးဟာ ထိပ်ဆုံးမှာ ပါဝင်ခဲ့ပြီး နျုကလီးယားစက်ရုံတွေကို ပြန်လည်စစ်ဆေးဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေက သဘောတူခဲ့တယ်လို့ အိုင်အေအီးအေနဲ့ အီရန်တို့က ပြောပါတယ်။ အဲဒီလို စစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ရာမှာ နောက်ထပ်ဆွေးနွေးဖို့တွေ လိုတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရာချီက ပြောပါတယ်။ ဒီကိစ္စကို အရင်ပုံစံမျိုးနဲ့မဟုတ်ဘဲ နည်းလမ်းသစ်လိုတယ်လို့ သူကဆိုပါတယ်။ ဇွန်လအတွင်းက အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်ပြီးနောက် အိုင်အေအီးအေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အီရန်က ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိ အိုင်အေအီးအေနဲ့ ညှိနှိုင်းမှုတွေဟာ အီရန်နျူကလီးယား…

Read More

ပဲခူးမြို့ရှောင်လမ်းမှာ ဆီဘောက်ဆာကားဝင်တိုက်လို့ အသက် ၇ နှစ်အရွယ်ကလေးအပါ နှစ်ယောက်သေဆုံး

စက်တင်ဘာ ၁၁ ၊ ၂၀၂၅ GG (VOM) ပဲခူးမြို့ ၊ မြို့ရှောင်လမ်းရှိ ဝင်းစတားဆီဆိုင်အနီးမှာ ဆီဘောက်ဆာကားက ဝင်တိုက်မိလို့ အသက် ၇ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသားတယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့သူဆီကသိရပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ မြို့ရှောင်လမ်းမှာ မောင်းနှင်တဲ့ ဆီဘောက်ဆာကားက ကလေးငယ်လိုက်ပါစီးနင်းလာတဲ့ဆိုင်ကယ်ကို ဝင်တိုက်မိရာကနေ နှစ်ယောက်လုံးသေဆုံးခဲ့ရတာဖြစ်ကြောင်း ၊ ကားသမားကိုဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။ ” ကျွန်တော်တို့ ဆီအကြောင်းကြားတာက ၄ နာရီထိုးပြီးချိန်ပါ။သွားတော့ဆုံးနေပြီ အလောင်းကောက်ပြီးသယ်လာခဲ့တာ။သိရတာတော့ ဆိုင်ကယ်ကလည်း ရှောင်တယ် ၊ ကားကလည်း ရှောင်တာမှာ နှစ်ဖက်လုံးက ရှောင်ကြရင်း တိုက်မိတာလို့သိရတယ်။နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ဒီနေ့သဂြိုလ်တယ်။ကလေးနဲ့ အမျိုးသားက ဘာမှမတော်ဘူး။ကျောင်းဆင်းချိန်လမ်းကြုံလို့ လိုက်ပို့တာ။ ” လို့ ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။ ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်က နန်းတော်ကုန်းရွာကဖြစ်ပြီး ပဲခူးမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (…

Read More

ရခိုင်နဲ့နယ်နမိတ်ထိနေတဲ့ ပဲခူး၊မကွေးနဲ့ဧရာဝတီတိုင်းအစပ်က ဒေသတွေမှာ စစ်ရေးအရှိန်မြင့်လာနေ

စက်တင်ဘာ ၁၁ – ၂ဝ၂၅ GG(VOM) ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း ၊မကွေး ၊ ပဲခူးတိုင်း အစပ်ရှိ နေရာတွေမှာ နလအဘက်မှ အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် AA နဲ့ နလအ တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ ဧရာဝတီတိုင်းမှာဆိုရင် စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တဝိုက်မှာတိုက်ပွဲဖြစ်ပွား နေပြီး ပဲခူးတိုင်းအစပ်မှာဆိုရင်တော့ ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တဝိုက် နေရာတွေနဲ့ ရိုးတောင်အစပ် နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေကာ မကွေးတိုင်းမှာဆိုရင်တော့ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ တဝိုက် နဲ့ ကုန်းဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။ ” တိုက်ပဲဲဖြစ်နေတဲ့ ဆင်လမ်ရွာနဲ့ ညောင်ကျိုးဘက်တွေမှာ ရွာသားတွေမရှိကြတော့ဘူး။အဲဒီဘက်မှာ ပစ်ခတ်နေကြတာကြာပြီ။ခုရက်ပိုင်းတော့ပိုကြမ်းလာတဲ့သဘောရှိတယ်။လက်နက်ကြီးသံတွေကြားရတယ်။စစ်ကားတွေလည်းသွားတယ်။အဲဒီရွာတွေက ပဲခူးအစပ်ကရွာတွေပါ။အဲဒီဘက်တွေက သွားလို့လဲမရပါဘူး။ရှောင်တဲ့သူတွေကလည်း နီးစပ်ရာရွာတွေမှာနေကြတာ။” လို့ ဒေသခံကပြောပါတယ်။ မကွေး၊ငဖဲမြို့နယ်ထဲက စွန်တက်ရွာနဲ့ နတ်ရေကန်ဘက်မှာလည်း စွန့်လွှတ်လိုက်ရတဲ့တပ်စခန်းပြန်ရရှိရေးနဲ့ ငဖဲမြို့နယ်ထဲက ကပစ စက်ရုံတွေဆီ AA ထိုးဖောက်ဝင်ရောက်လာမှုမရှိစေရေးအတွက် အင်အားအများအပြားသုံးကာ ထိုးစစ်ဆင်လာနေတယ်လို့သိရပါတယ်။…

Read More

အမှတ်-၁ ချစ်ကြည်ရေးတံတား နဲ့မြဝတီမြို့တွင်းနေရာတွေကို စစ်တပ်ပြန်ဝင်ပြီး လုံခြုံရေးယူလာ

စက်တင်ဘာ ၁၁ ၊ ၂၀၂၅ CC (VOM) ထိုင်းမြန်မာနယ်စပ် ၊ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ စစ်တပ်က ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား အပါအဝင် မြို့တွင်းရှိနေရာတွေမှာ တပ်စခန်းချပြီး လုံခြုံရေးပြန်လည်ရယူလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား အမပတ်လမ်းအောက်ရှိ BGF လုံခြုံရေး ကင်းစခန်းနေရာမှာ စစ်တပ်က လုံခြုံရေးပြန်လည်ရယူလာခြင်းဖြစ်ပြီး မြဝတီ ကုန်သွယ်ရေးဇုန်၊ မြေနီကုန်း၊ ခလရ ၂၇၅ ၊ ဟေမန်ဦးပြည်သူ့စစ်ကုန်း ၊ ရှေ့ တန်းရုံး ၊စစ်မှုထမ်းဟောင်းရပ်ကွက် နေရာတွေ မှာပါ အထိုင်ချပြီး လုံခြုံရေးပြန်လည်ရယူလာတာဖြစ်တယ်လို့သိရပါတယ်။ ” တံတားပေါ်မှာကတော့နဂိုထဲက စစ်တပ်ရှိတယ်။အခုကစစ်တပ်က အမှတ်၁ တံတားအောက် BGF ရေစစ်တပ်ရောနှစ်ခုတွဲထားတယ်။စစ်တပ်ကလုံခြုံရေးပိုင်းပြန်ဝင်လာတယ်။ခလရ ၂၇၅ မှာက စစ်တပ်ရော အဖွဲ့အစည်းရောတွဲထိုင်တယ်။ခုအာရှလမ်းပြန်ရ ပြီးတော့ ဗျူဟာကုန်းမှာစစ်တပ်ပြန်ဝင်လာတယ်။သူတို့ရှိရမယ့်နေရာတွေမှာ စစ်တပ်က…

Read More

နဝဒေးမီးပွိုင့် ယာဉ်တိုက်မှု တယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာ ရ

စက်တင်ဘာ ၁၁ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းမပေါ်က နဝဒေးမီးပွိုင့်မှာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းက စျေးကားနဲ့ Box ကား တိုက်မိမှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ (ရန်ကုန်) မှ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး အမျိုးသား တယောက် သေဆုံးကာ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ကိုးယောက်၊ စုစုပေါင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒီမှာပါတဲ့ လူနာတွေပြောတာတော့ သူတို့ရဲ့ ဈေးကားက ဘရိတ်ပေါက်ပြီးတော့ မီးပွိုင့်မှာ…

Read More

ကျောက်မဲအနီး ခိုက်တုန်ဟုန်း နားအထိ တိုက်ပွဲ ဖြစ်လာနေ

စက်တင်ဘာ ၁၁၊ ၂၀၂၅ Shy V (VOM) ကျောက်မဲ အနီး ခိုက်တုန်ဟုန်း နားအထိ လက်ရှိ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နလအ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲက ခိုက်တုန်ဟုန်း နားထိ ရောက်လာတာ ဟုတ်တယ်။ အပေါ်ကနေ လေကြောင်းနဲ့ ရှင်း ရှင်းပြီး ရောက်လာတာ။ ကြည့်ရတာ ခိုက်တုန်ဟုန်းဝောာင် နည်းနည်း ကျော်လာပြီထင်တယ်” လို့ ဒေသခံ အမျိုးသား နယောက်က ပြောပါတယ်။ ခိုက်တုန်ဟုန်း ရွာနဲ့ ကျောက်မဲမြို့ ကြား လမ်းမကြီးတလျှောက် နားအိုက်ခန့်၊ စခန်းသာ၊ ခိုအုံ၊ ခိုမုန်း၊ မွေတော် စတဲ့ ရွာတွေပဲ ရှိတော့တာကြောင့် ကျောက်မဲမြို့နဲ့ တိုက်ပွဲ အတော်နီးကပ်လာတဲ့ သဘော လို့ ပြောလို့ ရတယ်လို့ သူက ပြောပါတယ်။…

Read More

ဗုဒ္ဓသရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်မှာ DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ DJ Violet သံဃနာယကအဖွဲ့ဆီမှာ ဝန်ချတောင်းပန်မယ်

စက်တင်ဘာ ၁၁ ၊ ၂၀၂၅ CC (VOM ) ဓမ္မတေး သီချင်းဖြစ်တဲ့ “ဗုဒ္ဓသရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်မှာ DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ အပေါ် DJ Violet အနေနဲ့ လူမှုကွန်ယက်မှပြန်လည်တောင်းပန်ခဲ့သလို သက်ဆိုင်ရာ သံဃနာယကထံမှာလည်း ဝန်ချတောင်းပန်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ” နီးစပ်ရာ သံဃနာယကရုံးမှာ တောင်းပန် ဝန်ချကန်တော့သွားမယ့် အကြောင်း ညက မိမိနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်။မိမိမှလည်းဆုံးမ စကား အနည်းငယ်ပြောပြီးလုပ်ရိုး လုပ်စဥ် ထုံးနည်း ညွန်ကြားကာကျန်းမာ ချမ်းသာကြပါစေလို့ မေတ္တာပို့သပေးခဲ့တယ်။ဗုဒ္ဓဘာသာ ရဟန်းရှင်လူအများ အနေနဲ့လည်း ဒကာမလေးမှ သံဃာ့နာယကထံ တောင်းပန်ပြီးပါကနားလည် ခွင့်လွှတ်ပေးကြစေကြောင်း ” ဆိုပြီး မစိုးရိမ်ဖေးမလက်တွဲ ဆရာတော်က သူ့ရဲ့လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။ DJ Violet အနေနဲ့ “ဗုဒ္ဓသရဏံ ဂစ္ဆာမိ ” ဓမ္မတေးသီချင်းကို ကလပ်မှာ…

Read More

ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအယူခံဝင်ခွင့် မရှိ၊ ဥပဒေအတိုင်းသာဖြစ်ပြီး ရွေးကောက်ပွဲမှာနိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကိုခွင့်ပြုမယ်

​နေပြည်​တော်၊ စက်တင်ဘာ ၁၁ – ၂ဝ၂၅ VOM(KKO) ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအနေနဲ့အယူခံဝင်ခွင့်မရှိဘဲ ဒါဟာဥပဒေအတိုင်းသာဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးခင်​မောင်ဦးက ဒီကနေ့ နေပြည်တော် ရွေး/ကော်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ VOM ရဲ့ အ​မေးကို ​ဖြေကြားပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုး သမီးပါတီ(မွန်)နဲ့ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကိုပယ်ဖျက်လိုက်တယ်လို့ရွေး/ကော်ကထုတ်ပြန်ခဲ့တဲ့ ကိစ္စအတွက် ​မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပါတီတွေအပေါ်ပြင်းထန်လွန်းမနေဘူးလား၊ ဒါဟာရွေး/ကော်ရဲ့အပြီးသတ်ဆုံးဖြတ်ချက်လား အယူခံဝင်ခွင့်မရှိတော့ဘူးလားလို့ VOM က ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာမေးမြန်းခဲ့မှုအပေါ် ရွေး/ကော် UEC တာဝန်ရှိသူဦးခင်​မောင်ဦးက အခုလို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။ “ဒါကဥပဒေပြဌာန်းချက်အတိုင်းဖြစ်ပါတယ်။ဒီဥပဒေပြဌာန်းချက်ကလည်းလျော့ပေါ့ထားတဲ့ ဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။၂၆ .၁. ၂ဝ၂၃ မှာ ပြဌာန်းထားခဲ့တဲ့ဟာကို ၃ဝ.၁. ၂ဝ၂၄ မှာတဝက်တိတိလျော့ပေးထားခဲ့တဲ့ပြဌာန်းချက်ဖြစ်ပါတယ်။ ဒါကိုလျော့ပေး လိုက်တဲ့အတွက် ကျန်တဲ့ပါတီတွေရောမျှတရဲ့လား၊ ကျန်တဲ့ပါတီတွေက သူတို့အတွက်မျှတရဲ့လားသူတို့ကအင်အားတွေ ပြည့်ဝပြီးကြိုးစားဆောင်ရွက်ထားတဲ့ပါတီတွေရှိပါတယ်။ ဒါကိုကျွန်တော်တို့အားလုံး ဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်”…

Read More

NDF ခမောက်ပါတီ ဖျက်သိမ်းခံရမှု ​ရွေး​ကော်ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည့် အလားအလာရှိ​နေ

စက်တင်ဘာ ၁၁ – ၂၀၂၅ SN (VOM) အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ဖျက်သိမ်းခံရတာနဲ့ ပတ်သက်လို့ NDF ပါတီအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) ကို ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ အယူခံလွှာတင်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို အခြေအနေရှိမလဲ ဆိုတာကို VOM က NDF ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးထက်အောင်ကျော်ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ မေး – ပထမဦးဆုံးအနေနဲ့ ဆရာတို့ ဒီနေ့ အသနားခံစာတင်တာနဲ့ ပတ်သက်လို့ အခြေအနေ ထူးခြားမှု ရှိ၊ မရှိ သိချင်ပါတယ်ဆရာ။ ဖြေ – ကျွန်တော်တို့ မနေ့က CEC အစည်းအဝေး ထိုင်လိုက်ပြီးတော့မှ ပြန်ပြီး recover ဖြစ်နိုင်မယ့်လမ်းကြောင်း…

Read More
VOM News

FREE
VIEW