စက်တင်ဘာ ၁၁၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲ အနီး ခိုက်တုန်ဟုန်း နားအထိ လက်ရှိ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နလအ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တိုက်ပွဲက ခိုက်တုန်ဟုန်း နားထိ ရောက်လာတာ ဟုတ်တယ်။ အပေါ်ကနေ လေကြောင်းနဲ့ ရှင်း ရှင်းပြီး ရောက်လာတာ။ ကြည့်ရတာ ခိုက်တုန်ဟုန်းဝောာင် နည်းနည်း ကျော်လာပြီထင်တယ်” လို့ ဒေသခံ အမျိုးသား နယောက်က ပြောပါတယ်။
ခိုက်တုန်ဟုန်း ရွာနဲ့ ကျောက်မဲမြို့ ကြား လမ်းမကြီးတလျှောက် နားအိုက်ခန့်၊ စခန်းသာ၊ ခိုအုံ၊ ခိုမုန်း၊ မွေတော် စတဲ့ ရွာတွေပဲ ရှိတော့တာကြောင့် ကျောက်မဲမြို့နဲ့ တိုက်ပွဲ အတော်နီးကပ်လာတဲ့ သဘော လို့ ပြောလို့ ရတယ်လို့ သူက ပြောပါတယ်။
နလအ တပ်ဖွဲ့ ရောက်ရှိ နေတဲ့ ကျောက်မဲမြို့နယ်က နောင်ပိန်ရွာထဲတော့ ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့ကစ ဒေသခံတွေကို နည်းနည်းချင်း ပေးဝင်ပြီလို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
“ဒီနေ့ပဲ နောင်ပိန်က ၅ ရပ်ကွက်က လူတွေ နည်းနည်းလေး ရွာထဲကို စစ်တပ်က အကန့်အသတ်လေးတွေနဲ့ သေချာ စိစစ်ပြီး ပေးဝင်နေတယ်လို့ အခုလေးတင် ပြောလာတယ်။” လို့ သူက ပြောပါတယ်။
နောင်ပိန် ရွာခံတွေကိုသာ ပေးဝင်ပြီး တခြား သူစိမ်းတွေတော့ ဝင်လို့ မရဘူးလို့ သူက ပြောပါတယ်။
ဂုတ်တွင်း ကားလမ်းက မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတဲ့ တံတားကိုတော့ ပြန်လည် တည်ဆောက်ပြီးစီးထားပြီလို့ သိရပေမယ့် ဖြတ်သန်းခွင့်မပြုသေးကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo : From Google map