ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ကိုအသရေဖျက် ရေးသားမှုတွေ ပြုလုပ်တယ်ဆိုကာ နယူးယောက်တိုင်းမ် သတင်းစာကို ဒေါ်လာ ဘီလီယံ ၁၅ ဘီလီယံ ရလိုမှုနဲ့ တရားစွဲမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
“နယူးယောက်တိုင်းမ်သတင်းစာဟာ ကာလရှည်ကြာ လိမ်လည်၊ အသရေဖျက် ၊ မဟုတ်မမှန်စွပ်စွဲမှုတွေကို ဒီနေ့မှာ အဆုံးသတ်လိုက်ပြီ ” လို့ ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဆိုပါတယ်။
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ကမလာ ဟားရစ်ကို နယူးယောက်တိုင်းမ်သတင်းစာက ထောက်ခံခဲ့မှုကို ထောက်ပြကာ ဒီသတင်းစာဟာ လက်ဝဲဆန်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ အာဘော်ဖြစ်လာခဲ့တယ်လို့ ထရန့်က ဆိုပါတယ်။
တရားစွဲဆိုမှုကိုတော့ ရီပတ်ဘလီကန်တွေ အင်အားကောင်းရာ ဖလော်ရီဒါပြည်နယ်မှာ တင်သွင်းမယ်လို့ ထရန့်က ပြောပါတယ်။ နယူးယောက်ခ်တိုင်းမ်ကတော့ ဒီကိစ္စအပေါ် မှတ်ချက်ပြု ထုတ်ပြန်တာမျိူး မရှိသေးပါဘူး။
ထရမ့်ဟာ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲမှာ သူကို ဆန့်ကျင်ခဲ့တဲ့ လက်ဝဲယိမ်းမီဒီယာတေဖါအပေါ် ယခင်ကတည်းက ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။ “သူတို့ရဲ့ ကမလာဟားရစ် ထောက်ခံတဲ့ဆောင်းပါးကို နယူးယောက်တိုင်းမ်ရဲ့ ရှေ့စာမျက်နှာ ထည့်သွင်းဖော်ပြခဲ့တယ်၊ ဒါဟာ ယခင်က တစ်ခါမှ မကြားဖူးတဲ့အရာပဲ” လို့ ဆိုပါတယ်။
ဒါအပြင် အခြားမီဒီယာတွေ သို့မဟုတ် ရုပ်မြင်သံကြားအစီအစဉ်တွေကနေ သူ့ကို ဂုဏ်သိက္ခာချ အသရေဖျက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ထရန့်က စွပ်စွဲထားပါတယ်။ ဒါဟာ သူ့အနေနဲ့ နယူးယောက်တိုင်းမ်ကို ပထမဆုံးအကြိမ် တရားစွဲဆိုတာတော့ မဟုတ်ပါဘူး။
၂၀၂၃ ခုနှစ်မှာလည်း ထရန့်ဟာ နယူးယောက်တိုင်းမ်ကို တရားစွဲဆိုဖို့ တင်သွင်းခဲ့ပြီး ဥပဒေနဲ့ မညီဆိုကာ တရားသူကြီးက ပယ်ချခဲ့ပါတယ်။ သူ့ကို အဒေါ့ဖ် ဟစ်တလာနဲ့ ခိုင်းနှိုင်းရေးသားခဲ့တဲ့ CNN သတင်းဌာနကိုလည်း အဲဒီနှစ်မှာ တရားစွဲဖို့ ကြိုးပမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
Ref:BBC
Photo:Reuters
