ရခိုင်ပြည်နယ်ထဲက တိုက်ပွဲဖြစ်​နေရာ​တွေမှာ ပညာသင်ကြားခွင့်ဆုံးရှုံး​နေသလို အခမဲ့ပညာသင်ကြားပေးမယ့်အဖွဲ့တွေ လိုအပ်နေ

စက်တင်ဘာ ၁၆ ၊၂၀၂၅
GG (VOM)
ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်မြို့နယ်တွေမှာ စာသင်ကျောင်းတွေ မဖွင့်နိုင်သေးတာကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ က​လေး​တွေအများအပြားရှိနေပြီး ကျောက်တက်ချင်သူတွေရှိနေတယ်လို့သိရပါတယ်။
“တိုက်ပွဲတွေကြောင့် စီးပွားရေးကလည်း အလုပ်မဖြစ်တော့ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေမထားနိုင်တော့ အခမဲ့ပညာရေးကျောင်းရှိရင်ထားချင်တာပါ။ ကိုယ့်ဒေသမှာရှိတဲ့ နီးနီးနားနားလောက်ဆို ပိုအဆင်ပြေတာပေါ့။နယ်မြေကလည်းမငြိမ်တော့ အဝေးကြီးလည်း ပို့ဖို့ကိုစိတ်မချဘူး။ ကျောင်းက ထားချင်ပါတယ်။ ” လို့ မြောက်ဦးမြို့ ဒေသခံကပြောပါတယ်။
စာသင်ကျောင်းတွေ မဖွင့်တဲ့အတွက် အခြေခံလူတန်းစားမိသားစုတွေ ၊ငွေကြေးမပြည့်စုံတဲ့မိသားစုတွေမှာရှိတဲ့ ကလေးတွေအနေနဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေ မထားနိုင်တာကြောင့် ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ခြင်းမရှိကြဘူးလို့သိရပါတယ်။
ဒါကြောင့် ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ဖို့အတွက် စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေဆီကို ကျောင်းတက်လိုကြောင်း ကူညီပေးဖို့ မိဘတွေဘက်မှ ဆက်သွယ်လာမှုတွေရှိနေတယ်လို့သိရပါတယ်။
“ပညာရေးကဏ္ဍကကြတော့ ပုံမှန်ကျောင်းတွေဖွင့်လှစ်နိုင်တာတော့မရှိသေးပါဘူး။ ရပ်ရွာတွေမှာကိုယ်ထူကိုယ်ထ ပညာသင်ကြားရေးအစီစဥ်တွေအကောင်ထည်ဖော်ပြီးတော့သင်ကြားနေကြတာတော့ရှိပါတယ်။ တချို့ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ ကျုရှင်သဘောမျိုးတက်နေကြတယ်။ သက်ဆိုင်ရာပညာရေးဌာနကလည်း ပညာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေရှိပါတယ်။ အခုအခြေနေက ပုံမှန်ကျောင်းတွေမဖွင့်လှစ်နိုင်သေးဘူးဆိုတော့ ပညာသင်ကြားခွင့်မရနိုင်သေးတဲ့ကလေးတွေအများအပြားရှိနေပါသေးတယ်။ ကျွန်တော်တို့ကျောင်းဖွင့်ထားတဲ့နေရာတွေမှာတော့ အများစုကကျောင်းတက်ခွင့်ရကြပါတယ်။ တခြားကျွန်တော် တို့ကျောင်းတွေလည်းမရှိ ၊ရပ်ရွာမှာလည်းပညာသင်ကြားမှုတွေမလုပ်နိုင်ကြတဲ့ကျေးရွာတွေက ကျောင်းတက်ချင်ကြောင်း အကူညီတောင်းခံမှုတွေရှိပါတယ်။” လို့ စစ်ရှောင်တွေကို ကျောင်းဖွင့်ပြီး သင်ကြားပေးနေတဲ့ လင်းရောင်းခြည်ဖောင်ဒေးရှင်းမှာတာဝန်ရှိသူကပြောပါတယ်။
ကျောင်းတက်လိုကြောင်း ဆက်သွယ်အကူအညီတောင်းမှုတွေရှိနေပေမယ့်လည်း ငွေကြေးလိုအပ်ချက်အရ ကူညီနိုင်ခြင်းမရှိတဲ့အပြင် လက်ရှိပညာသင်ကြားနေတဲ့ အခမဲ့ပညာရေးစနစ် ကျောင်းတွေ​တောင် လည်ပတ်ဖို့ ခက်ခဲလာနေ တယ်လို့ဆိုပါတယ်။
လင်းရောင်ခြည်ဖောင်​ဒေးရှင်းက ယခုပညာသင်နှစ်မှာ ပုဏ္ဍားကျွန်း ၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်သုံးခုမှာရှိတဲ့ စစ်ဘေးရှောင်ကလေး ၂၀၁၆ ယောက်ကို KG မှ Grade 9 အထိ ပညာသင်ကြားမှုရှိရာကနေ လက်ရှိမှာ အလှူငွေရရှိမှုအလွန်နည်းလာတာကြောင့် အဆိုပါကျောင်းသားဦးရေထဲက ကျောင်းသားဦး ၃၀၀ ကျော်ကို ယာယီကျောင်း ရပ်နားထားရတယ်လို့သိရပါတယ်။
” ကျွန်တော်တို့ဒေးရှင်းက မြို့နယ်သုံးမှာ ကျောင်းကိုးကျောင်းဖွင့်ထားပါတယ်။ စာသင်နှစ်အစမှာတော့ kg -g9အထိကျောင်းသား ၂၀၁၆ယောက်ရှိပြီး​တော့ လက်ရှိမှာတော့ဘဏ္ဍာရေးအခက်ခဲကြောင့်ကျောင်းသား ၃၀၀ ကျော်လောက်ကိုယာယီရပ်နားထားရပါတယ်။ကျွန်တော်တို့မှာလည်း အလှူရှင်တွေအခါအားလျော်စွာလှူပေးကြတဲ့အလှူငွေတွေနဲ့ပဲလုပ်ဆောင်ရတာဆိုတော့လေ အလှူငွေရရှိမှုနည်းပါးလာတာနဲ့အမျှ ကျောင်းတွေလည်ပတ်ဖို့ခက်ခဲလာပါတယ်။
လင်းရောင်ခြည်ဖောင်ဒေးရှင်းကနေ ဆောင်ရွက်ပေးနေတဲ့ အခမဲ့ပညာရေးစနစ် ကျောင်းတွေအားလုံးရဲ့ကုန်ကျစရိတ်မှာ တလကို သိန်း ၁၇၀ လောက်ရှိကြောင်း သိရပါတယ်။
ဒါကြောင့် လက်ရှိ ကလေးတွေအတွက် အခမဲ့ပညာသင်ကြားပေးနေတဲ့အဖွဲ့အစည်းတွေလိုအပ်နေသလို အခမဲ့ပညာရေးစနစ်လည်ပတ်နိုင်ဖို့အတွက် အလှူငွေပိုင်းလည်းအရေးကြီးတယ်လို့သိရပါတယ်။
“ကလေးတွေပညာရေးအတွက်လိုအပ်တာတွေကတော့ အများကြီးပါပဲ။ စစ်ဘေးရှောင်ကလေးတွေဆိုတော့ မိဘတွေကလည်းစားဝတ်နေရေးအဆင်မပြေကြဘူး။ စာအုပ်စာတမ်းဖိုးတွေလည်းမတတ်နိုင်ကြဘူးလေ။ သူတို့ပညာသင်ကြားနိုင်ဖို့အတွက် သင်ထောက်ကူတွေ၊အခမဲ့ပညာသင်ကြားပေးနိုင်မဲ့အဖွဲ့အစည်းတွေ အများကြီးလိုအပ်နေပါတယ်။ “လို့ သူကဆက်လက်ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက နလအထိန်းချုပ်မှုအောက်ရှိတဲ့ စစ်တွေ၊ ကျောက်ဖြူ ၊မာန်အောင်မြို့နယ်တွေကလွဲပြီး ကျန်တဲ့ AA ထိန်းချုပ်ဒေသတွေက မြို့နယ်တွေမှာ အခမဲ့ပညာရေးစနစ် ဖော်ဆောင်နိုင်မှု အလွန်အားနည်းနေတာဖြစ်တယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ် နောက်ပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ ပညာရေးစနစ်ရပ်သွားပြီး ကျောင်းတွေဖွင့်လှစ်နိုင်မှု မရှိတော့တာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – လင်းရောင်ခြည်ဖောင်ဒေးရှင်း

Related posts

Leave a Comment

VOM News

FREE
VIEW