မန္တလေးမြို့‌ပေါ်က ကျောက်ဆစ်လုပ်ငန်းတွေ နာလန်မထူနိုင်သေး

မန္တလေး၊စက်တင်ဘာ ၁၇ – ၂ဝ၂၅
KKO(VOM)
ငလျင်ကြီးရဲ့ရိုက်ခတ်မှုဒဏ်‌ကိုခံခဲ့ရတဲ့အထဲမှာမန္တလေးမြို့‌ပေါ်ကနိဗ္ဗာန်ကုန်လုပ်ငန်းတခုဖြစ်တဲ့ကျောက်ဆစ်လုပ်ငန်းတွေလည်းပါဝင်ခဲ့ပါတယ်။
အဲလုပ်ငန်းတွေဟာငလျင်ကြီးပြီးနောက်ယနေ့ကာလအထိနလန်မထူနိုင်သေးဘဲခက်ခက်ခဲခဲရုန်းကန်နေရဆဲဖြစ်တယ်လို့မန္တလေးမြို့‌က ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။
“အရောင်းအဝယ်ကအရင်ထက်စာရင်အေးပါတယ်။ဘယ်လိုပြောမလဲအားလုံးကတော့ကိုယ့်နည်းကိုယ့်ဟန်နဲ့အဆင်ပြေအောင်ပဲနေနေကြရတာပါ။နောက်တခုကကျွန်တော်တို့ ကျောက်ဆစ်လုပ်ငန်းရဲ့ထုံးစံအရဝါတွင်းကာလဆိုအရောင်းအဝယ်ပါးကြပါတယ်”လို့ မန္တလေးမြို့ပေါ်ကကျောက်ဆစ်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။
ဒါအပြင်ကျောက်ဆစ်လုပ်ငန်းနဲ့ပတ်သက်လို့လက်ရှိကာလမှာကုန် ကြမ်းပစ္စည်းတွေရှားပါးတာနဲ့ကြို တင်အော်ဒါမှာယူမှုတွေနည်းပါးတာကိုလည်းကျောက်ဆစ်လုပ်ငန်းရှင်တွေအနေနဲ့ကြုံ‌တွေ့နေကြရတယ်လို့ ဆိုပါတယ်။
“အခုကာလမှာကုန်ကြမ်းရဖို့ကမ လွယ်ဘူးပေါ့။ဒါပေမယ့်ရအောင်တော့သယ်နေကြတယ်။ကုန်ကျ စရိတ်များတယ်။ဖောက်သည်ပေးနေတဲ့သူတွေကတော့လုပ်ငန်းအမြဲရှိနေတယ်။ကျွန်တော်တို့ကျအဲလောက်မရှိဘူးပေါ့။ငလျင်နောက် ဆက်တွဲအနေနဲ့ရုန်းကန်နေရတာပါဘဲ။ပုံမှန်ကိုယ့်စုဆောင်းထားတာလေးနဲ့ကိုယ်လုပ်ကိုင်နေရပါတယ်” လို့သူက VOM ကိုဆက်ပြီးပြောပြပါတယ်။
ကျောက်ဆစ်လုပ်ငန်းကထွက်ရှိလာတဲ့ထုတ်ကုန်တွေဟာလက်ရှိမှာဝယ်လက်ရှားပါးနေပြီးအခုလာမယ့်သီတင်းကျွတ်ရာသီကာလမှာလုပ်ငန်းတွေပြန်လည်ကောင်းမွန်ဖို့ကိုလည်းမျှော်လင့်ထားတယ်လို့ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။
“အရောင်းအဝယ်ပါးသွားတဲ့အပေါ်မှာအခက်အခဲကအနည်းအများရှိမှာပဲလေ။အဝယ်အများဆုံးကနယ် ဘက်သူတွေပါဘဲ။တောင်သူလယ် သမားတွေများတယ်။ဒီအချိန်လယ် ယာလုပ်ငန်းတွေလုပ်ကိုင်ကြရတော့အဝယ်ပါးတယ်။ဝါတွင်းကာလမှာမအားကြတော့ဒီဘက်သိပ်မလာကြဘူးပေါ့။မန္တလေးမြို့ပေါ်ကလာဝယ်တဲ့သူနည်းသွားတယ်။နယ်ကလူတ ချို့တဝက်ကတော့လာဝယ်ကြသေးတယ်” လို့ ကျောက်ဆစ်လုပ်ငန်းရှင်တယောက်က ထပ်လောင်းပြောပြပါတယ်။
အဲဒါအပြင် မန္တလေးမြို့‌ပေါ်ကကျောက်ဆစ်လုပ်ငန်းတွေကနေထွက်ရှိတဲ့ကုန်ချောတွေကို
ပြည်တွင်းသာမကအမှာရှိပါကပြည်ပနိုင်ငံတွေအထိပါတင်ပို့ရောင်းချနေတယ်လို့ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
“တနိုင်ငံလုံးကိုဖြန့်တယ်။နောက်ပြည်တွင်းမှာအကုန်ဖြန့်တယ်။နောက်တခါပြည်ပကိုလည်းတင်ပို့တယ်။သူ့ဈေးကွက်ကပြည်တွင်းရောပြည်ပတင်ပို့မှုရောရှိတယ်။ဥမာ_- တရုတ်၊ဩစတြေးလျ၊ထိုင်းတော်တော်များများစုံပါတယ်။တင်ပို့ရပါတယ်။အခုကျောက်ဆစ်လုပ်ငန်းဈေးကွက်အနေအထားစဏကဝါဝင်သွားပြီးနောက်ပိုင်းကိုအရောင်းအဝယ်တွေကအေးသွားတယ်။ဒီကြားထဲလည်းအရောင်း ညာဝယ်ဖြစ်တာသိပ်မရှိဘူး”လို့ ကျောက်ဆစ်လုပ်ငန်းရှင်တယောက်က ထပ်လောင်းပြောပြပါတယ်။
မန္တလေးမြို့ပေါ်ကကျောက်ဆစ်လုပ်ငန်းတွေဟာဧရာဝတီမြစ်တဖက်ကမ်း၊မတ္တရာမြို့နယ်အတွင်းကကုန်ကြမ်းတွေကိုသယ်ယူပြီးမြန်မာ့မှုလုပ်ငန်းအဖြစ်နိဗ္ဗာန်ကုန်‌လုပ်ငန်းအနေနဲ့ဘုရားဆင်းတုတော်တွေကိုကုန်ချောအဖြစ်ပြန်လည်ထုဆစ်လုပ်ကိုင်ကြရပါတယ်။
ဒါအပြင် ကျောက်ဆစ်လုပ်ငန်းဟာ မန္တလေးဒေသရဲ့နာမည်ကျော်ဒေသထွက်ကုန်ရိုးရာလုပ်ငန်းတခုလည်းဖြစ်ပါတယ်။
ကျောက်ဆစ်လုပ်ငန်းအတွက်အဓိကကုန်ကြမ်းတွေဟာ မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းကသာထွက်ရှိပြီး အဓီဒေသမှာ ဒေသတွင်းတိုက်‌ပွဲတွေနဲ့ စစ်ရေးတင်းမာမှုတွေ အပါအဝင် နယ်မြေဒေသအခြေအနေတွေကြောင့် ကုန်ကြမ်းရှားပါးခြင်းတွေကိုမန္တလေးမြို့ခံကျောက်ဆစ်လုပ်ငန်းရှင်တွေကကြုံ တွေ့နေကြရတာဖြစ်ပါတယ်။
ဒေသတွင်းသတင်းတွေအရ မန္တလေးတိုင်း၊မတ္တရာ၊စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေရဲ့ နေရာအချို့ကို ဒေသခံ PDF တပ်တွေကနယ် မြေစိုးမိုးထားတဲ့အတွက်ဒေသအတွင်းတိုက် ပွဲတွေဟာလည်းမကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိနေတယ်လို့ ဆိုပါတယ်။
VOM – Photo

Related posts

Leave a Comment

VOM News

FREE
VIEW