ရွှေပြည်သာမှာ ဒို့အရေး အော်ဟစ်ခဲ့သူ လေးယောက် အဖမ်းခံရ

စက်တင်ဘာ ၁၇ ၊ ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ” ဒို့အရေး “ဆိုပြီး အော်ဟစ်ခဲ့တဲ့ အမျိုးသားလေးယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ညပိုင်း ရွှေပြည်သာ၊ထန်းခြောက်ပင်လမ်းဆုံမှာ ဆိုင်ကယ်တစီးကို လူလေးယောက်စီးနင်းလာသူတွေက “ဒို့အရေး “ဆိုပြီးအော်ဟစ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
” ဒို့အရေးဆိုပြီး လက်လည်းထောင်တယ်သိရတယ်။ရွှေပြည်သာနေထိုင်သူတွေပဲလို့သိရတယ်။အခုအရေးယူထားတယ်သိရတယ်။မူးပြီး အော်ဟစ်ကြတာမျိုးထင်ပါတယ်။ ” လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူဆီကသိရပါတယ်။
အဆိုပါ ဒို့အရေး ဆိုပြီးအော်ဟစ်ခဲ့တဲ့ လူငယ်လေးယောက်ကို လက်ရှိမှာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းက ဖမ်းဆီးကာ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်းသိရပြီး အသေးစိတ်သိရှိနိုင်ဖို့ VOM မှ ရွှေပြည်သာရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး နိုင်ငံရေးအပြောင်းအလဲကာလမှာ နလအကို ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ပုဒ်မ ၅၀၅ ကအပါအဝင် အခြားပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေရှိခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW