စက်တင်ဘာ ၁၇၊ ၂၀၂၅
Shy V (VOM)
သိန္နီဈေး ပြောင်းရွှေ့ခံရပြီးနောက် သိန္နီမြို့နယ်က နမ့်စလပ် ဈေးလည်း စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ကစ ထပ်မံ ပြောင်းရွှေ့ခံရကြောင်း ဒေသခံတွဆီကဘသိရပါတယ်။
“ဒီမနက်ကစ နမ့်စလပ် ဈေးထဲ MNDAA တပ်ဖွဲ့က မရောင်းခိုင်းတော့ဘူး။ ကျနော်တို့ ဈေးအစား ၅၆၇ တပ် သွားတဲ့ လမ်းဘက် ဈေး အသစ်ဆောက်ထားတယ်။ သိန္နီဈေးလည်းအဲလိုပဲလေ။ ဈေးကို နမ့်စလပ် သွားတဲ့လမ်း မြို့ပြင်ဘက် ရွှေ့လိုက်ပြီးတော့ ဈေးမှာကျတာ့ ကိုယ်ပိုင်ဆးရုံ ဆောက်ဖို့ လုပ်နေတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒီနေ့မနက်က ကွတ်ခိုင်နဲ့ သိန္နီဘက်က ကုန်စိမ်း လာေရာင်းတဲ့သူတွေကို နဂို ဈေးမှာ ရောင်းချခွင့်မပြုတော့တာေကြာင့် ပြန်လှည့်သွားလည်း အဆင်မပြ၊ ရောင်းချဖို့လည်း နေရာ မရှိတာကြောင့် ဒုက္ခ ရောက်ခဲ့ကြရတယ်လို့ သူက ပြောပါတယ်။
နဂိုမူလ ရှိနေတဲ့ ဈေးနရာမှာက ဆေးရုံ ပြန်ဆောက်မယ်လို့ သတင်းထွက်ပေါ်နေပြီး ဆေးရုံ မှာကျတော့ ဟိုတယ် နဲ့ လောင်းကစားရုံ ဆောက်မယ်လို့လည်း သတင်းထွက်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
“ဈေး ရွှေ့ခိုင်းတာကတော့ ရွှေ့ခိုင်းတာပေါ့နော်။ လမ်းတွေလည်း ခင်းတော့ ခင်းထားပေးပါတယ်။ ဒါပေမယ့် ဆိုင်ခန်း သေးေလးကို တလ တရုတ်ငွ တထောင် ပေးရတယ်။ မြန်မာေငွဆိုရင် ခြောက်သိန်း လိူ့ ပြောလို့ရတာပေါ့။ ဈေးရောင်းခုံကလည်း ၆ ပေ လောက်ပဲ ရှိမယ်ထင်တယ်။ အဲဒါ တခုံကို တလ မြန်မာငွ တသိန်း ပေးရတယ်။” လို့နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
MNDAA ဘက်က ဆောက်ထားတဲ့ ဈေးဆိုင်ခန်းတွေကို ဈေးကြီးကြီးနဲ့ ပြန်ငှား ယူရတာဖြစ်ပြီး ၆ လစာ တခါထဲ ပေးရတာေကြာင့် ဟင်းသီးဟင်းရွက်ပဲ ရောင်းတဲ့ ဒေသခံတွက မတတ်နိုင်တဲ့အပြင် ဆိုင်ခန်း ငှားရမ်းခ ေလာက်တာင် ပြန်ရောင်းရဖို့ မလွယ်လို့ ဈေး ရောင်းရဖို့မဖြစ်နိုင်တာ့ဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် သတ်မှတ် နေရာထဲပဲရောင်းချခိုင်းတာကြောင့် ဆိုင်ခန်းခ မတတ်နိုင်တဲ့၊ တခါတလေမှ ဟင်းသီးဟင်းရွက်ပဲ ခက်ခက်ခဲခဲ ရှာရောင်းကြရတဲ့သူတွေ၊ ခါတိုင်း ဆာလာအိတ်တွေခင်းပြီး ဈေ ေရာင်းေနကျ ရွာဘက်က သူတွေက နေရာ မရနိုင်တော့ပဲ နေရာပါ ပျောက်သွားပြီလို့ သူက ရှင်းပြပါတယ်။
ဈေးသစ် ပြောင်းရွှေ့ဖို့ စီစဉ်တာနဲ့ ပတ်သက်ပြီး ဒေသခံတွကို အသိပေးတာတွေ၊ ဆွေးနွေး တာမျိုးေတွမရှိခဲ့ဘူးလို့ ဒေသခံတွက ပြောပါတယ်။
နမ့်စလပ်ရွာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
Photo Crd#
