ဂါဇာမြို့တော်ရဲ့ အကြီးဆုံးလူနေရပ်ကွက်ကို အစ္စရေးတင့်ကားနဲ့ စစ်သုံးယာဉ် ဒါဇင်များစွာ ဝင်ရောက်လာ

ဂါဇာစီးတီး၊ စက်တင်ဘာ-၁၈-၂၀၂၅
မျိုးဆက်(VOM)
အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့တော်ကို မြေပြင်စစ်ဆင်ရေး ဒုတိယမြောက်နေ့အဖြစ် အဓိက လူနေရပ်ကွက်ကြီးတခုထဲကို ဒါဇင်နဲ့ချီတဲ့ တင့်ကားတွေ၊ စစ်သုံးယာဉ်တွေနဲ့ ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂါဇာမြို့တော်မြောက်ပိုင်း ရပ်ကွက်တင့်ကားတွေ၊ ဘူဒိုဇာတွေနဲ့ သံချပ်ကာကားတွေ ရွေ့လျားနေပုံကို ရုပ်သံမှတ်တမ်းတွေမှာ‌ တွေ့ရပါတယ်။ အစ္စရေးစစ်တပ်က ဒီလိုဝင်ရောက်မှုအတွင် အမြောက်ကျည်တွေ မီးခိုးဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ရှိတ်ခ်ရက်ဒ်ဝမ် ရပ်ကွက်ဟာ ဂါဇာစစ်ပွဲမဖြစ်ခင်က လူပေါင်း သောင်းချီနေထိုင်ခဲ့ပြီး မြို့ရဲ့ လူဦးရေအထူထပ်ဆုံး နေရာများထဲမှ တခုဖြစ်ပါတယ်။ ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓါးစားခံတွေကို ကယ်ထုတ်ဖို့ နဲ့ ဟားမတ်စ် ၃၀၀၀ လောက်ခြေမှုန်းဖို့ ဒီစစ်ဆင်ရေလုပ်ဆောင်တာလို့ အစ္စရေးက ပြောပါတယ်။
ဂါဇာမြို့တော်ဟာ ဟားမတ်စ်တို့ရဲ့ နောက်ဆုံခြေကုပ်ရာနေရာလို့ အစ္စရေးက ဆိုပေမယ့် ဒီလို မြေပြင်စစ်ဆင်ရေးလုပ်ဆောင်တဲ့ အပေါ် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားပါတယ်။ Save the Children နဲ့ Oxfam အပါအဝင် အဓိကအကူအညီပေးရေးအဖွဲ့ပေါင်း ၂၀ ကျော်ကလေည်း ဂါဇာရဲ့ လက်ရှိအခြေအနေဟာ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့လို့ သတိပေးထားပါတယ်။
ရှိတ်ခ်ရက်ဒ်ဝမ် ရပ်ကွက်မှာ Abu Iskandar၊ al-Tawam နဲ့ al-Saftawi အရပ်တို့ ပါဝင်ပြီး ဂါဇာအလယ်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်တွေကို ဆက်သွယ်ပေးထားတဲ့ အဓိကလမ်းကြီး အယ်လ်ဂျာလာလမ်းနဲ့ ဆက်သွယ်ထားပါတယ်။
အစ္စရေးစစ်တပ်က ဒီရပ်ကွက်ကို ထိန်းချုပ်မှုဟာ မြို့တွင်းပိုင်းနဲ့ မြို့ရဲ့ ဗဟိုချက်နေရာတွေကို ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ခြေရှိလာမယ်လို့ ဒေသခံတွေက ပြောပါတယ်။ဝင်ရောက်စီးနင်းမှုကြောင့် ဒေသခံထောင်ပေါင်းများစွာဟာ တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်မှုတွေ ထပ်တိုးလာစေပါတယ်။
Ref:BBC
Photo:Reuters/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW