ဂျပန်အနောက်တောင်ပိုင်း ကျွန်းတစ်ကျွန်းမှာ ငလျင် ၃၄ ကြိမ်ထိ လှုပ်ခတ်

တိုကျိ၊ စက်တင်ဘာ-၁၈-၂၀၂၅
ရတီ(VOM)
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျွန်းတကျွန်းမှာ ပြီးခဲ့တဲ့နေ့ ညပိုင်းက ဂျပန်ငလျင် တိုင်းတာရေးစကေး ၇ ခုအနက် အဆင့် ၅ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၃၄ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်မှစတင်ပြီး ကာဂိုရှီးမား စီရင်စုရှိ ဆူဝါနိုဆီဂျီးမား ကျွန်းတဝိုက်မှာ ငလျင်လှုပ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက ပြောပါတယ်။
ည ၉ နာရီ ၅၅ နာရီခန့်မှာ အဲဒီကျွန်းမှာ အဆင့် ၅ အောက်ဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး အကူဆီကီဂျီးမား ကျွန်းမှာ အဆင့် ၃ ငလျင်လှုပ်ခတ်ခဲ့ပေမယ့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခြင်းမရှိဘူးလို့ မိုးလေဝသ ဌာနက ဆိုပါတယ်။ ငလျင်ဟာ ရစ်ချ်တာစကေး ၄.၇ ခန့်မှန်းရပြီး ငလျင်ဗဟိုချက်ကတော့ ၁ ကီလိုမီတာ ၁ အနက်မှာလို့ ခန့်မှန်းရပါတယ်။
ကြာသပတေးနေ့ မနက် ၁၁ နာရီအထိ အဆင့် ၁ ဆင့် သို့မဟုတ် ဒီထက်ပြင်းတဲ့ နောက်ဆက်တွဲငလျင် ၃၄ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီငလျင်တွေထဲမှာ ကြာသပတေးနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ အဆင့် ၃ ငလျင် နှစ်ကြိမ်လည်း ပါဝင်ပါတယ်။
လာမယ့် တပတ်အတွင် အဆင့် ၅ အောက်ငလျင်တွေ ထပ်မံလှုပ်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ ငလျင်ကြောင့် ဆင်ခြေလျှောတွေ ပြိုကျတာနဲ့ မြေပြိုမှုတွေဖြစ်နိုင်ခြေ မြင့်မားတယ်လို့ သတိပေးထားပါတယ်။
ဇွန်လကုန်ပိုင်းက အာကူဆီကီဂျီးမားနဲ့ ကိုဒါကာရာဂျီးမာကျွန်းတွေအနီးမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေနဲ့ လက်ရှိ ငလျင်လှုပ်ခတ်မှုဟာ မတူညီတဲ့ ဗဟိုချက်တွေကနေ စတင်ခဲ့ပြီး ဆက်စပ်မှုမရှိဘူးလို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင် ဗဟိုချက်မှာ ဇူလိုင်လမှစပြီး မီးတောင်ငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေတဲ့ နေရာဖြစ်ပါတယ်။
ဆူဝါနိုဆီဂျီးမားရှိ မီးတောင်ဟာ အကြိမ်များစွာ ပေါက်ကွဲမှုတွေ ရှိနေခဲ့ပေမယ် မီးတောင်လှုပ်ရှားမှုမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေမရှိသေးဘူးလို့ ဂျပန်မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW