ဗြိတိန်ရောက်နေတဲ့ ဒေါ်နယ်ထရန့်ကို ဆန္ဒပြမှုတွေ ဖြစ်ပွား

လန်ဒန်၊ စက်တင်ဘာ-၁၈-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဗြိတိန်ကိုသွားရောက်တဲ့ ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်မှာ လူထောင်ချီပြီး ပါလီမန်ရင်ပြင်မှာ လူထောင်ချီပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
လန်ဒန်မြို့လယ်ရှိ Portland Place မှ Whitehall သို့ ၏ Stop Trump Coalition အဖွဲ့ကချီတက် ဆန္ဒပြခဲ့ကြပြီး ဒီအဖွဲ့မှာတော့ သမဂ္ဂနဲ့ အဖွဲ့အစည်း ၅၀ ကျော် ပါဝင်ပါတယ်။ ဆန္ဒပြသူအချို့က “လူမျိုးရေးခွဲခြားမှု မပြုရန်” “ထရန့်အလိုမရှိ ” “အစ္စရေးသို့ လက်နက်တပ်ဆင်မှု ရပ်တန့်ရန်” အစရှိတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်က ထရန့်ရဲ့ ဗြိတိန် ပထမဆုံး နိုင်ငံတော်ခရီးစဉ်မှာလည်း ဆန္ဒပြမှုတွေ ကြုံခဲ့ရပါသေးတယ်။ လက်ရှိဆန္ဒပြပွဲမှာ လူ ၅၀၀၀ လောက်ပါမယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ခန့်မှန်းပြီး ရဲတပ်ဖွဲ့ဝင် ၁၆၀၀ ကျော်ကို ဖြန့်ကြက်ထားပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြပွဲအဖွဲ့ခေါင်းဆောင်တွေနဲ့ အနီးကပ် ဆွေးနွေးခဲ့ပြီး ဒေသခံအသိုင်းအဝိုင်းကို အနှောက်အယှက်နည်းဆုံးဖြစ်စေဖို့ တောင်းဆို တိုက်တွန်းထားပါတယ်။ လက်ရှိဆန္ဒပြတဲ့ ညွှန့်ပေါင်းအဖွဲ့အစည်းမှာ ရာသီဥတုဆိုင်ရာ၊ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သောအဖွဲ့တွေအပြင် ပါလက်စတိုင်း ထောက်ခံသောအဖွဲ့အစည်းတွေအထိ အဖွဲ့အစည်းမျိုးစုံ ပါဝင်ပါတယ်။
ချီတက်ပွဲမတိုင်မီမှာ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်တော့ ထရန့်ရဲ့ လူမျိုးရေးခွဲခြားမှုကို လက်ခံတဲ့ အစိုးရဟာ ဖက်ဆစ်ဝါဒသို့ တံခါးဖွင့်ပေးလိုက်တဲ့ အစိုးရဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ ထရန့်ဟာ ပါလီမန်သို့ လည်ပတ်မယ့် အစီအစဉ်တော့ မရှိပါဘူး။
ဆန္ဒပြအဖွဲ့တွေက ထရမ့်ဝါဒရဲ့ ပေါ်လစီတွေကို ဆန့်ကျင်ဖို့ ၊ ငြိမ်းချမ်းရေး၊ လူမှုတရားမျှတမှုနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံတဲ့ ရွေးချယ်စရာနဲ့ ဒီမိုကရက်တစ် စံနှုန်းတွေကို မြှင့်တင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ထရန့်ကတော့ ဒုတိမြောက် နိုင်ငံတော်ခရီးစဉ်အတွင်း ချားလ်ဘုရင်အပါအဝင် တော်ဝင်မိသားစုနဲ့ ဝင်ဆာရဲတိုက်မှာ တွေ့ဆုံခဲ့ပြီး ဒီခရီးစဉ်ဟာ သူ့ဘ၀အတွက် ဂုဏ်ယူစရာလို့လည်း ပြောပါတယ်။ ထရန့်ဟာ ဒီကနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
Ref:BBC
Photo:BBC

Related posts

Leave a Comment

VOM News

FREE
VIEW