ဝါရှင်တန်၊ စက်တင်ဘာ-၁၉-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ထိုင်ဝမ်ကိုပေးမယ့် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၀၀ ဖိုးအစီအစဉ်ကို မကြာသေးမီက ငြင်းဆန်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားဖော်ပြလာပါတယ်။
ဒါဟာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ သမ္မတနှစ်ယောက်ရဲ့ အလားအလာရှိတဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တရုတ်ရဲ့ စစ်ရေးဖိအားတွေ ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒ ပြောင်းလဲမှုလို့ အကဲခတ်တွေက ဆိုပါတယ်။
ဒါပေမယ့်လည်း ဒီအစဉ်အစဉ်ကို အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ဝါရှင်တန်ပို့စ်ကို ပြောပါတယ်။ အသက် ၇၉ နှစ်ရှိ ရီပတ်ဘလီကန်သမ္မတ ထရန့် အိမ်ဖြူတော် ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ဒုတိယအကြိမ်မြောက် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုကို သောကြာနေ့မှာ ပြုလုပ်မှာပါ။
ကုန်သွယ်ရေးကိစ္စတွေအပြင် တစ်တော့ အက်ပလီကေးရှင်းဆိုင်ရာ သဘောတူညီချက်ကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ အမေရိကန်သည် ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး ကျောထောက်နောက်ခံနဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ အကြီးမားဆုံး ပံ့ပိုးသူအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှာ ထိုင်ဝမ်အတွက် စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေအတွက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော်ကို အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် စစ်ရေးဖိအားတွေ တိုးမြှင့်ပေးနေပါတယ်။
Ref:CNA
Photo:Reuters
