ရွှေကူမြို့နယ်ရှိ KIA ပူးပေါင်းတပ်ဖွဲ့ရဲ့ လေ့ကျင်ရေးကွင်း လေကြောင်းတိုက်ခိုက်ခံရလို့ အများအပြား သေဆုံး

စက်တင်ဘာလ ၁၉၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်က KIA ပူးပေါင်း တပ်ဖွဲ့ရဲ့ လေ့ကျင်ရေးကွင်း တခုကို စက်တင်ဘာ ၁၇ ရက်နေ့ည ၁၁ နာရီ ဝန်းကျင်ခန့်က လေကြောင်းဗုံးကြဲ ခံရလို့ အများအပြား ထိခိုက်၊ သေဆုံးသွားကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ရွှေကူမြို့နယ် KIA တပ်ရင်း ၁၂ နယ်မြေက လေ့ကျင့်ရေးကွင်းမှာ ဖြစ်သွားတာပါ။ စက်တင်ဘာ ၁၇ ရက်နေ့ညက” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
သေဆုံးသူ ၁၇ ဦးရှိပြီး ထိခိုက် ဒဏ်ရာ ပြင်းထန်သူ ၁၉ ယောက် ရှိကာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူတွေလည်း ၂၀ ကျော်ရှိတယ်လို့ သိရတယ်လို့ ဆိုပါတယ်။
“လေ့ကျင်ရေးထဲမှာ ပါတဲ့ သူတွေကို ဖုန်းပေးသုံးတယ်ထင်တယ်။ တရုတ် ဒူယင်းမှာ တင်တာတွေ့တယ်။ လိုင်းပေါ်တင်လို့ တည်နေရာ ရှာရသွားတာနေမှာ” လို့ KIA နဲ့ နီးစပ်တဲ့ နောက်ထပ် သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဖုန်းပေးသုံးလို့ မြေပုံ အညွှန်း တိတိကျကျ ပေးပို့လိုက်တဲ့ လူတွေ ပါနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
သေဆုံး၊ ဒဏ်ရာရ သူတွေထဲမှာ KIA, KPDF နဲ့ PDF တွေပါဝင်နိုင်ပြီး တိုက်ပွဲပွားခြင်းမရှိတဲ့ နေရာဖြစ်ပေမယ့် နလအတပ်ဖွဲ့ ဘက်က သတင်းရပြီး အဆင်မြင့် နည်းပညာနဲ့ တည်နေရာ ရှာဖွေတွေ့ရှိသွားတာလည်း ဖြစ်နိုင်ကြောင်း KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW