ဒေလီ၊ စက်တင်ဘာ-၁၉-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ် ပြည်နယ်မှာ အရှင်လတ်လတ် မြေမြုပ်ခံထားရတဲ့ ရက် ၂၀ အရွယ် ကလေးငယ်ကို တွေ့ရှိခဲ့ပြီးနောက် အသက်ရှင်ရေး ကုသမှုတွေ ပေးနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ဆိတ်တွေကို ကျက်စားရာနေရာကို ရောက်ရှိနေတဲ့ ဆိတ်ကျောင်းသားတယောက် ယူဆောင်သွားသော မြေကြီးအောက်ကနေ ငိုသံကြားရပြီးနောက် မွေးကင်းစမိန်းကလေးငယ်ကို တွေ့ရှိခဲ့တာပါ။ သူ အနားကို ရောက်သွားတော့ ရွှံ့ထဲက လက်တဖက်ကိုတွေ့ရှိခဲ့ပြီး ရွာသားတွေကို အကြောင်းကြားပြီးနောက်မှာ ကလေးငယ်ကို ကယ်တင်ဖို့ ရဲတွေကို ခေါ်ခဲ့ပါတယ်။
ရာဇ၀တ်မှုအတွက် ဘယ်သူဘယ်ဝါလို့ သံသယရှိသူကို ရဲတွေက မပြောပေမယ့် မိန်းကလေးငယ်တွေဆိုရင် စွန့်ပစ်မှုနဲ့ သတ်ပစ်ဖို့ ကြိုးပမ်းမှုတွေနဲ့ အလားတူဖြစ်ရပ်မျိုးတွေဟာ အိန္ဒိယရဲ့ ကျားမ အချိုးမညီခြင်း အကြောင်းရင်းလို့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားတဲ့ သားယောက်ကျားလေးတွေကို ဦးစားပေးတဲ့အပေါ် အပြစ်တင်ပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ် ရှာဂျာဟန်ပါ ခရိုင်မှာ ဖြစ်ခဲ့တာပါ။ ကလေးငယ်ကို အစိုးရဆေးကောလိပ်နဲ့ ဆေးရုံရှိ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှာ ကုသလျက်ရှိပါတယ်။
ဆေးကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာ ရာဂျက်ကူးမား က မွေးကင်းစကလေးငယ်ကို တနင်္လာနေ့က ခေါ်ဆောင်လာခဲ့ပြီး ရွှံ့နွံတွေ ပါးစပ်နဲ့ နှာခေါင်းပေါက်များထဲကို စိမ့်ဝင်သွားတာတွေရှိတယ်လို့ ပြောပါတယ်။
“သူမဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး Hypoxia သို့မဟုတ် အောက်ဆီဂျင်ချို့တဲ့တဲ့ လက္ခဏာတွေ ပြသနေပါတယ်။ အင်းဆက်တွေနဲ့ တိရစ္ဆာန်တချို့လည်း အကိုက်ခံရဖူးပါတယ်” ဟု ဒေါက်တာကူးမားက ပြောပါတယ်။
၂၄နာရီကြာပြီးနောက် သူမအခြေအနေ အနည်းငယ်တိုးတက်ပေမယ့် စိုးရသေးတယ်လို့ ဆိုပါတယ် ။ သူမရဲ့ ဒဏ်ရာအခြေအနေအရ မြေမြုပ်ခံရပြီး မကြာခင်မှာ တွေ့ခဲ့ရလို့ယူဆကြောင်း ဒေါက်တာ ကူးမားက ပြောပါတယ်။
ပလပ်စတစ် ခွဲစိတ်ဆရာဝန် အပါအဝင် ဆရာဝန်အဖွဲ့တဖွဲ့ဟာ ကလေးငယ်ကို ကုသပေးနေပြီး အခြေနေဆိုးရွားပေမယ့် သူ့ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
Ref:BBC
