သပိတ်ကျင်းနဲ့စဥ့်ကူးမှာ လေကြောင်းတိုက်ခံရပြီး လေးယောက်သေ ၊ ဒဏ်ရာရသူ ၁၀ ယောက်ရှိ

စက်တင်ဘာ ၂၂၊ ၂၀၂၅
CC (VOM
မန္တလေးတိုင်းက pdf ထိန်းချုပ်​နေရာတွေဖြစ်တဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်ထဲကကျေးရွာအချို့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လေးယောက်သေဆုံးကာ သေဆုံးသူ ၁၀ ယောက်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ ၊နေ့လယ် ၂ နာရီလောက်မှာ သပိတ်ကျင်းမြို့နယ်ရှိ ကျောက်ဖြာရွာကို လေကြောင်းကြဲခဲ့တာဖြစ်ကြောင်း တိုက်ခိုက်ခံရမှုကြောင့် လေးယောက်သေဆုံးကာ ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အလားတူ နေ့လယ် ၁ နာရီလောက်မှာ စဥ့်ကူးမြို့နယ်ရှိ နဂါးမောက်တောင်ပေါ်ကို လေကြောင်းကြဲခံရပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
” သပိတ်ကျင်းကရွာ သေဆုံးတဲ့အထဲ အမျိုးသမီးတွေ လည်းပါတယ်။ ရွာထဲကျတာဆိုတော့ သေဆုံးထိခိုက်များသွားတာ။ စဥ့်ကူးဘက်ကတော့ အမျိုးသား တယောက်နဲ့အမျိုးသမီးတယောက်ပဲ ထိခိုက်ဒဏ်ရာရတယ်ပြောတယ်။ကျောက်ဖြာရွာကpdf တွေသိမ်းထားတာကြာပြီလေ။ “လို့ သပိတ်ကျင်းဒေသခံကပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးထားကြောင့် မန္တလေး pdf အဖွဲ့က ထုတ်ပြန်ထားတာတွေ့ ရပါတယ်။ နလအ ဘက်ကတော့ သပိတ်ကျင်းနဲ့စဥ့်ကူးမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
စက်တင်ဘာ ၁၃ ရက်တုန်းကလည်း သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာရွာနဲညောင်ပင်သာရွာမှာလေကြောင်းတိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေဆုံးမှု ရှိခဲ့တယ်လို့သိရပါတယ်။
သပိတ်ကျင်းမြို့​ပေါ်က​တော့ နလအ က ပြန်လည်ရယူထားပြီး အုပ်ချုပ်​ရေးယန္တရား ပြန်လည် လည်ပတ်​နေ​ပေမယ့် မြို့နယ်ထဲကရွာ​တွေမှာ မန္တ​လေးPDF က ​ထိန်းထားဆဲဖြစ်ပါတယ်။
စဥ့်ကူးမြို့နယ်ကို ရွေးကောက်ပွဲကာလမတိုင်မီ နလအမှ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ​မြေပြင်​​​ရော ​လေ​ကြောင်းကပါ တန်ပြန် ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ် အတွင်းက နေရာအများစုနဲ့ စဥ့်ကူးမြို့နယ်ကိုတော့ မန္တလေးpdf က ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာ ခုဆိုရင် တနှစ်ကျော်ကြာလာပြီဖြစ်ပါတယ်။
ဓာတ်ပုံ – cj

Related posts

Leave a Comment

VOM News

FREE
VIEW