မြန်မာနိုင်ငံရဲ့ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် ရုရှားကို​ရောက်​နေပြီး ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်မှာ ရုရှားနိုင်ငံသမ္မတနဲ့ ဆွေးနွေးဖို့ရှိ

စက်တင်ဘာ ၂၄ – ၂ဝ၂၅
KKO(VOM)
ရုရှားနိုင်ငံ၊မော်စကိုမြို့မှာကျင်းပပြုလုပ်မယ့်ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်(World Atomic Week 2025)ခရီးစဉ်အတွင်းမှာရုရှားနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်နဲ့ ယာယီသမ္မတ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရဲ့ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်(World Atomic Week 2025)ကိုတက်ရောက်ဖို့ဒီနေ့ (စက်တင်ဘာ၂၄ ရက်)၊နံနက်ပိုင်းကနေပြည် တော်လေဆိပ်ကနေအထူးလေယာဉ်နဲ့ရုရှားနိုင်ငံကိုထွက်ခွာသွားပြီး ​နေ့ခင်းပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့သို့ ရောက်ရှိ​နေပြီဖြစ်ပါတယ်။
“နူကလီးယားစွမ်းအင်ကိစ္စအတွက်ကိုပဲအဓိကထားတဲ့အထူးအစည်း အဝေးဖြစ်ဖို့များပါတယ်။မြန်မာပြည်အနေနဲ့ နူကလီးယားပါဝါကနေတဆင့်လျှပ်စစ်ဓါတ်အားရယူဖို့ကြိုးစားနေတာကြပါပြီ”လို့ ပြည် တွင်းကဝါရင့်သတင်းစာဆရာတယောက်ကသူရဲ့အမြင်ကိုသုံးသပ်ပြောပြပါတယ်။
ဒါအပြင်ယခုခရီးစဉ်အတွင်းယာယီသမ္မတဟာ ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိနေတာပါ။
ဒါ့အပြင် နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြားချစ်ကြည်ရေး၊ စီးပွား ရေး၊ လုံခြုံရေးဆိုင်ရာတွေကိုကဏ္ဍပေါင်းစုံကနေမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကိုပိုမိုတိုးတက်ခိုင်မာအောင်ဆောင် ရွက်သွားဖို့ရှိနေတယ်လို့လည်း နလအ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
“Nuclearဘာသာရပ်နဲ့ပတ်သက်ပြီး ဟိုးယခင်ကတည်းကနိုင်ငံခြားကို မြန်မာကနေပညာတော်သင်တွေ စေလွှတ်ခဲ့တာရှိပါတယ် ခုလည်း ဆက်လွှတ်​နေဆဲပါ”လို့ လေ့လာသုံးသပ်သူတယောက်က VOM ကိုပြောပါတယ်။
ယာယီသမ္မတ ဗိုလ််ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၇)ကြိမ်မြောက်အရှေ့ဖျားစီပွားရေးဖိုရမ်ကိုလည်းတက်ရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာ ရုရှားနိုင်ငံသမ္မတနဲ့ သီးသန့် တွေ့ဆုံ့ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
အလားတူ ယခု ၂၀၂၅ ခုနှစ်၊မတ်လ ၄ ရက်နေ့ကလည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ၊မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်နဲ့ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။
ပုံစာ – ​နေပြည်​တော်မှထွက်ခွာပုံနဲ့ ရုရှားသို့​ရောက်ရှိပုံ

Related posts

Leave a Comment

VOM News

FREE
VIEW