တာမွေမှာ အမျိုးသားတယောက် ဓားထိုးခံရပြီး သေဆုံး

စက်တင်ဘာ ၂၅ ၊ ၂၀၂၅
GG (VOM)
ရန်ကုန် ၊တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်းမပေါ် မှာ စက်တင်ဘာ ၂၄ ရက်နေ့ညပိုင်းက အမျိုးသားတယောက်ဓားထိုးခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညပိုင်း ၁၀ နာရီခွဲကျော်လောက်မှာ အချင်းချင်းစကားများရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဓားထိုးခံရသူကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ဆိုက်က္ကားသမားအချင်းအချင်း အရောင်းအဝယ်ကိစ္စနဲ့စကားများပြီး ရန်ဖြစ်ရာကနေ ဓားထိုးခံရတယ်သိရတယ်။ရောက်တော့ အလောင်းကသယ်သွားပြီ။တာမွေ ထဲကလို့ပဲသိရတယ်။” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ ဓားထိုးခံရပြီး သေဆုံးသူက အသက် ၅၀ အရွယ်အမျိုးသားဖြစ်ပြီး အလောင်းက ရန်ကုန်ဆေးရုံကြီးမှာဖြစ် ကြောင်းသိရပြီး ၊ ကျူးလွန်သူကိုတော့သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။
“ရောက်သွားတော့သွေးသံရဲရဲနဲ့တွေ့ရတယ်။အဲဒါနဲ့ကျွန်တော်တို့လည်း မြေပြင်ကုသမှုပေးပြီး ဆေးရုံကိုပဲချက်ခြင်း ပို့ပေး လိုက်တာ။ဆေးရုံရောက်တော့ဆုံးသွားတယ်။ ကျန်တဲ့အခြေအနေတော့ သိပ်မသိဘူး။” လို့ မေတ္တာမျှဝေလူမှုကူညီရေးအသင်းဝင်တယောက်က ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက် ညပိုင်းကလည်း တောင်ဥက္ကလာမြို့နယ် (၄ )ရပ်ကွက် ပါရမီလမ်းမပေါ် မှာ အမျိုးသမီးတယောက်ကို ဆိုင်ကယ်ဘေးတွဲမောင်းသူက ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာလ ၂ ရက် ညပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက် သစ္စာလမ်းမပေါ် ပုဏ္ဏီမီကားမှတ်တိုင် အနီးမှာအမျိုးသားတယောက် ဓားနဲ့ထိုးခံရပြီး သွေးထွက်လွန်ကာ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – မေတ္တာမျှဝေအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW