ကျောက်မဲအနီး စခန်းသာရွာကို နလအတပ်ဖွဲ့ သိမ်းပိုက်လိုက်ပြီး ကျောက်မဲနဲ့ လေးမိုင်အကွာထိ ရောက်ရှိနေ

စက်တင်ဘာ ၁၇၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ စခန်းသာရွာကို ဒီရက်ပိုင်းအတွင်း နလအ တပ်ဖွဲ့ သိမ်းပိုက်ရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်ပါတယ်။ စခန်းသာ ကို သိမ်းသွာပါပြီ။ သိမ်းပြီးတော့ ကျော်သွားပြီ။ ကျောက်မဲကို မဝင်သေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းတော့ တိုက်ပွဲ ဖြစ်ပွားသံ မကြားရဘူးလို့ သူက ပြောပါတယ်။
“နလအတပ် စစ်ကြောင်းက ခိုအုံ ထိ ရောက်လာတယ်ဆိုတာ မဟုတ်ပါဘူး။ မရောက်သေးပါဘူး။ တဖြည်းဖြည်းတော့ တိုးလာနေပြီ။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိ နလအ တပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေက ကျောက်မဲမြို့ ရောက်ဖို့ လေးမိုင်လောက် လိုပါသေးတယ်လို့ သူကပြောပါတယ်။
TNLA ပူးပေါင်း တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ ကျောက်မဲမြို့ရှိ ဒေသခံတွေ အနေနဲ့ စစ်ရေး သတိရှိဖို့ ပြောထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နောင်ချိုကို သိမ်းပြီးနောက် စခန်းသာကို TNLA ဘက်က ခံစစ်တွေ အခိုင်အမာ ခံစစ်ဆင်ထားတယ်လို့ နလအ တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကစ နလအ တပ်ဖွဲ့တွေ ကျောက်မဲမြို့နယ်ဘက် တန်ပြန် ထိုးစစ် ဆင်လာလို့ TNLA ပူးပေါင်း တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားနေတာ တလကျော်ကြာလာပြီ ဖြစ်ပါတယ်။
Photo Crd# KhZ

Related posts

Leave a Comment

VOM News

FREE
VIEW