ကျောက်မဲမြို့အတွင်း TNLA အလံတွေဖြုတ်ချ

စက်တင်ဘာ ၂၉၊ ၂၀၂၅
Shy V (VOM)
TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အတွင်း ဒီရက်ပိုင်းမှာ TNLA တပ်ဖွဲ့တွေက တအာင်းအလံတွေကိုဖြုတ်ချ လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောက်မဲက TNLA အလံဖြုတ်ပြီ။ ဆိုင်းဘုတ်ပါ ဖျက်ပြီ။ မြို့ထဲ အထိ စစ်ဖြစ်လာနိုင်တယ်။ တဖွဲ့ ဆုတ်ပြီး တဖွဲ့ တက်မယ်ကြားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
TNLA တပ်ဖွဲ့ရဲ့ ရုံးပိုင်းဆိုင်ရာ ပစ္စည်းတွေကိုလည်း သိမ်းဆည်းနေတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အတိအကျမသိရဘူးလို့ ဆိုပါတယ်။
ကျောက်မဲမြို့ပေါ်ရပ်ကွက်တွေ၊ လမ်းတွေမှာထောင်ထားတဲ့ TNLA အလံတွေကို ဖြုတ်ချလိုက် သလို မြို့ပေါ် ရပ်ကွက်တွေထဲမှာ တပ်စွဲထားတဲ့ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ မြို့ပေါ်မှာ လှုပ်ရှားးသွားလာတာ မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ် မိုင်းတင်းရွာထဲ လာရောက် စခန်းချထားတဲ့ TNLA တပ်ဖွဲ့ကို ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံတွေက မိုင်းတင်းနယ်ထဲက ထွက်ခွာသွားပေးဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့တာမှာ TNLA တပ်ဖွဲ့အနေနဲ့ မွန်းတည့်ချိန်မတိုင်ခင် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။
“ကိုယ့်ချွေးနဲစာနဲ့ ဆောက်ထားတဲ့ အိုးအိမ်တွေ၊ လယ်ယာတွေ မပျက်စီးစေဖို့နဲ့ မဆုံးရှုံးချင်ကြလို့၊ စစ်ဘေးရှောင်ဖို့လည်း မတတ်နိုင်ကြတဲ့ တောင်သူတွေပဲ သွားဝောင်းဆိုကြတာပါ။
လေယာဉ်နဲ့ကြဲတာ အရမ်းဆိုးလို့ သွားပြောကြတာပဲရှိတာ။ နိုင်ငံရေး အထိ လုပ်ဖို့ လောက်ထိ တွေးနိုင်တဲ့သူ‌တွေ မပါပါဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အားလုံးက ရွာမှာမနေစေချင်တာ လေကြောင်းရန်ကြောက်လို့ မသက်ဆိုင်တဲ့ ဒေသခံ ပြည်သူတွေ အသက်အိုးအိမ်တွေ မဆုံးရှုံးချင်တဲ့ ရည်ရွယ်ချက် တခုနဲ့ပဲတခုနဲ့ပဲသွားတောင်းဆိုကြတာဖြစ်ပြီး လိုင်းပေါ်မှာ လိုရာ ဆွဲပြီး ရေးတင်နေကြတာတွေဟာ အကုန်မှန်ကန်မှု မရှိတာကြောင့် မုန်းတီးရေးပဲ ဖြစ်စေတယ်လို့ သူက ပြောပါတယ်။
ဒေသခံတွေ အနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ရပ်ထဲ ရွာထဲ စခန်းမချစေချင်ဘူးလို့ ဆိုပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ကစ ကျောက်မဲမြို့ကို ဝင်ရောက်မယ့် ကား‌တွေလမ်းပိတ်နိုင်ကြောင်း ကြားသိရပြီး ခရီးသွားကားတွေ အနေနဲ့ ကျောက်မဲ – ကျွဲကုန်း – ပုံဝိုး လမ်း မလုံခြုံလို့ မသွားသင့်ကြောင်း၊မန္တလေး – လားရှိုး ခရီးစဉ်အတွက် နမ့်လန် – ကျောက်ဂူ – နောင်ချို လမ်းကြောင်းကို အသုံးပြုဖို့ ဒေသခံ တယောက်က အကြံပြုထားပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့က ကျောက်မဲ မြို့နယ် ပန်သပြေရွာမှာ ဂျက်ဖိုက်တာနဲ့ဗုံး ၂ လုံးကြဲချခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း TNLA ဘက်က သတင်းထုတ်ထားပါတယ်။
ကျောက်မဲ အနီး နမ့်စော့ရွာမှာလည်း Y-12 နဲ့ ဗုံး ကြဲ တိုက်ခိုက်ခဲ့တာ‌ေကြာင့် အဆောက်အအုံ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာလည်း ပါပုတ်ရွာမှာ ဒရုန်းနဲ့ ဗုံးကြဲခံရတာ‌ေကြာင့် အသက် ၆၁ နှစ်အရွယ် အမျိုးသားတ‌ေယာက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံများ

Related posts

Leave a Comment

VOM News

FREE
VIEW