ကျွန်တော်တို့ ဆိုင်းတောင် ဝှေခါနဲ့အခြားမှော်တွေမှာ KIA မှ အတင်းအဓမ္မလူသစ်စုဆောင်းရေးအလွန်အကြူးဆွဲနေပါတယ် သတင်းဌာနအများစုက စစ်ကော်မရှင်ဖမ်းသည်ဟုဆိုသော်ငြားလည်း မြေပြင်မှာမဟုတ်ပါ ပြည်သူအများစုမှာကြောက်ရွံနေသော်လည်း ကျွန်တော်တို့မပြောရဲပါဘူး အမည်မသိလက်နက်ကိုင်ကလူတွေသတ်သွားတယ်ဆိုပြီးအသတ်ခံရသူမှာလည်းလူနှစ်ဆယ်ကျော်ရှိပါပြီ။
တရုတ်ဘုံကျောင်းက ၈တန်းအရွယ်ကလေးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ငွေကျပ်သိန်း(၃၀) ပေးမှပြန်လွှတ်ပေးပါတယ် သက်သေလည်းရှိပါတယ်ဗျ သို့သော် အသက်အန္တရာယ်စိုးရိမ်စရာရှိတာကြောင့် ကျောင်းသားမိဘကထုတ်ပြောမှာမဟုတ်ပါဘူး
အလုပ်ခွင်ထဲမှာ အလုပ်လုပ်နေသည်ဖြစ်စေ အိမ်မှာနေသည်ဖြစ်စေ လမ်းပေါ်တွင်ဖြစ်စေ ကျွန်တော်တို့ဘ၀တွေကလုံခြုံမှုမရှိတော့ပါဘူး အချို့သောနီးစပ်ရာလူတွေကတော့ ကြိုရှောင်သွားကြပါတယ် ငွေပေးရင်ပြန်လွှတ်််တယ် အခြေခံလူတန်းစားအများစုက ပါသွားရင် မိဘတွေဆွေမျိုးတွေက ငိုနေရုံကလွဲလို့ဘာမှမတတ်နိုင်တဲ့အတွက် ဒီဘက်ကပြည်သူတွေရဲ့ဘ၀ ကို ဖော်ပြပေးရန်အနူးအညွတ်တောင်းဆိုပါတယ်ဗျာ။
ဆိုင်းတောင်ဒေသခံ
