မိုင်းတင်းရွာဘက်က TNLA တပ်ဖွဲ့ရဲ့ ဂိတ်စခန်းကို ဒေသခံတွေ ဖျက်ဆီးဖယ်ရှား

စက်တင်ဘာ ၂၉၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းရွာဘက်က TNLA တပ်ဖွဲ့ရဲ့ ဂိတ်စခန်းကို စက်တင်ဘာလ ၂၈ ရက်နေ့က ဒေသခံတွေ ဖျက်ဆီးဖယ်ရှား လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောက်မဲမြို့နယ် မိုင်းတင်းရွာက ဒေသခံတွေက TNLA တွေရဲ့ ဂိတ်စခန်းကို ဖျက်ဆီး လိုက်တာပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မိုင်းတင်း အုပ်စုထဲ ကနေ TNLA တပ်ဖွဲ့ရဲ့ ယာယီ ဂိတ်စခန်း ဖယ်ရှားပေးဖို့လည်း ကျေးရွာလူထုတွေ အကြိမ်ကြိမ် တောင်းဆိုခဲ့ ဖူးတယ်လို့ သူက ပြောပါတယ်။
“မိုင်းတင်းရွာမှာ TNLA တွေ စခန်းလာချတာကို ရွာခံတွေက မိုင်းတင်းနယ်ထဲက ထွက်ခွာပေးဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့တယ်” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့မနက်ပိုင်း ကျောက်မဲမြို့ မိုင်းတင်းနယ်ထဲ စခန်းလာရောက်ချထားတဲ့ TNLA တပ်ဖွဲ့အား မိုင်းတင်းနယ်ထဲ ထွက်ခွာသွားပေးဖို့ ဒေသခံများက ယနေ့မနက်ပိုင်း ဝိုင်းဝန်း တောင်းဆိုမှုကြောင့် TNLA တပ်ဖွဲ့အနေနဲ့ မွန်းတည့်ချိန်မတိုင်ခင် ထွက်ခွာသွားခဲ့တယ်လို့ သူက ပြောပါတယ်။
ရွာထဲ TNLA တပ်ဖွဲ့ စခန်းချတာကို ထွက်ခွာပေးဖို့ တောင်းဆိုတာဟာ လက်ရှိ စစ်ရေး အခြေအနေကြောင့် လေကြောင်း အန္တရာယ်ကို စိုးရိမ်တာကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းကလည်း မိုင်းတင်းကျေးရွာအုပ်စု၊ ပင်တီးရွာရှိ ပင်တီးဘုန်းကြီးကျောင်း ဆွမ်းစားဆောင်လေကြောင်းနဲ့ ဗုံးကြဲခံရလို့ အဆောက်အအုံတချို့ ထိမှန်ပျက်ဆီးမှု များပြားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်
Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW