လားရှိုးမှာ ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုယူသူတွေ များလာ

စက်တင်ဘာ ၃၀၊ ၂၀၂၅။
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက် တွေမှာ ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ် လုယက်သူတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ရပ်ကွက် (၇)၊ ရပ်ကွက်(၄)၊ ရပ်ကွက်(၅)နဲ့ ရပ်ကွက် (၁၂) လမ်းတွေပေါ်မှာ အခုလို ဖြစ်စဉ်တွေ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူနှစ်ယောက် ဓါးကိုင်ပြီး အနောက်ကနေ လိုက်ခုတ်တာ၊ လက်မှာခုတ်ခံရတယ်။ ဆိုင်ကယ်ကို အနောက်လှည့်မောင်းပြီး ပြေးလို့ လွတ်ခဲ့တာလို့” ယခုရက်ပိုင်းအတွင်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသား တယောက်က ပြောပါတယ်။
ညနေပိုင်း နေဝင်တဲ့အချိန်နဲ့ ညပိုင်းအချိန်တွေမှာ လုယက်ခံရတာတွေ ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆိုင်ကယ်နဲ့ နောက်ကနေ လိုက်လာရင်ကို ​ကျောမလုံတော့ဘူးဖြစ်နေတာ။ အဲလိုတွေ မကြာခဏ ဖြစ်နေတော့ ။ မှောင်ပြီဆိုရင် လမ်းကြို၊ လမ်းကြားထဲကို မသွားရဲတော့ဘူး” လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
ညအချိန်တွေမှာ နေအိမ်ဖောက်ထွင်းခိုးယူခံရတာတွေလည်း မကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညပိုင်းအချိန်တွေမှာ ကင်းလှည့်တာတို့၊ ကင်းပုန်းဝပ်တာတို့ လုပ်စေချင်တာပေါ့ဗျာ။ အခုက ဆေးသမားတွေကတစ်မျိုး၊ သူခိုးကတစ်မျိုးဖြစ်နေတာ”လို့ လားရှိုးမြို့ခံ တဦးက ပြောပါတယ်။
လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့လက်ကနေ နလအ တပ်ဖွဲ့က ပြန်လည် လွှဲယူပြီး အုပ်ချုပ်နေတာ ခြောက်လကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။
မြို့ပေါ် ရပ်ကွက် ၁၂ခုမှာ နလအ တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပေမယ့် လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာတော့ လူအင်အား ကန့်သတ်ချက်တွေကြောင့် ဆောင်ရွက်နိုင်မှု အားနည်းနေသေးတယ်လို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW