ကျောက်မဲမြို့ထဲထိ နလအတပ်တွေ ရောက်ရှိနေ

အောက်တိုဘာ ၁၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲ တချို့ရပ်ကွက်မှာ ဒီနေ့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်း ကစ နလအ တပ်ဖွဲ့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
“စစ်တပ်က ကျောက်မဲ မြို့ထဲ ဝင်ပြီ။ တိလင်ရောက်ပြီ။ အချိုရည်တွေ သွားပေးခဲ့တယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ရပ်ကွက် ၉ တိလင်ဘက်ကို လမ်းကြောင်း နှစ်ကြောင်းကနေ ဝင်လာတာဖြစ်ပြီး မနက် အစာကတည်းက ရောက်နေပြီလို့ သူက ပြောပါတယ်။
“စစ်တပ်က မြို့ထဲ ဝင်နေပြီ။ အကုန်လုံးဝောာ့ မရသေးဘူး။ ရပ်ကွက် ၁ ဘက်လည်း ပစ်ခတ်သံတွေကြားနေတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပြည်ထောင်စု လမ်းမ နဲ့ မိုင်းတင်း လမ်းကြောင်းဘက်တွေကနေ အပြင် တခြားလမ်းကြောင်းတွေ အများကြီးကနေ ဝင်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ပစ်ခတ်ရှင်းလင်းမှုတွေ လုပ်နေဆဲ ဖြစ်တာကြောင့် တချို့ ရပ်ကွက်တွေမှာ စစ်မရှောင်နိုင်ပဲ ကျန်ရှိနေတဲ့ ဒေသခံတွေက အပြင်ထွက်မရသေးဘူးလို့ ဆိုပါတယ်။
နလအ တပ်ဖွဲ့ရဲ့ ပြည်ထောင်စု လမ်းမဘက် စစ်ကြောင်းက ကျောက်မဲမြို့ အဝင်ဝ နားကို ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၄ နာရီကျော်ခန့်က ရောက်ရှိလာတာ ဖြစ်ကြောင်း ဒေသခံတွေတီက သိရပါတယ်။
စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကျောက်မဲမြို့ကို နလအတပ်တွေက ထိန်းချူပ်သိမ်းပိုက်လိုက်ပြီလို့ ရေးသားဖော်ပြထားကြပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW