ယာယီသမ္မတရဲ့ မန္တလေးခရီးစဥ်အတွင်း ​ရှော့တိုက်ဒုံး နန်းတွင်းထဲကျလို့ မင်းကွန်းဘက်မှာ စစ်ကြောင်းထိုးနေ

စစ်ကိုင်း- အောက်တိုဘာ – ၄ – ၂၀၂၅
VOM
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မန္တလေးခရီးစဥ်အတွင်း မန္တလေးနန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ​နေရာကို ချိန်ရွယ်ပစ်တဲ့ ​ရှော့တိုက်ဗုံး တလုံးကျခဲ့ပါတယ်။
နန်းတွင်း ​ရှော့တိုက်ဒုံးကျတာနဲ့ ပတ်သက်လို့ မန္တလေးက လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူကို ​မေးကြည့်​တော့ ” ဖြစ်စဥ်သတင်းရပါတယ် မနက် ၆ နာရီကျော်က နန်းတွင်း တပ်ထိန်းတပ်ရှေ့ လမ်းပေါ်ကျတယ် လူ အဆောက်အဦ ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။
ဒီလုပ်ရပ်ကို Brave Warriors for Myanmar (BWM) အဖွဲ့နဲ့ အခြားလက်နက်ကိုင် သုံးဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်တာဖြစ်တယ်လို့ BWM အဖွဲ့က သတင်းမီဒီယာတချို့ကို ပြောကြားထားတာ တွေရပါတယ်။
ဒီလိုဖြစ်စဥ်​တွေရှိ​ပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေဟာ ဒီ​နေ့မနက် ၉နာရီက မန္တ​လေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကို တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။
​ရှော့တိုက်ဒုံးကျပြီးတဲ့နောက် စစ်ကိုင်းမြို့နယ် မင်းကွန်းအနီး လက်ပံရွာနဲ့ ကျွန်းပင်ရွာ ဝန်းကျင်တဝိုက်ကို တပ်မတော်က ဒီကနေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
” လက်ပံရွာ ဘက််မှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်တ၊ စစ်တပ်က လေကြောင်းရော ​မြေပြင်စစ်ကြောင်းရော ထိုးနေတယ် ကျ​​နော်တို့က​တော့ကြို​ရှောင်​နေတာ ရွာမှာမ​နေဘူး ” လို့ ဒေသခံ ရွာသားတဦးကပြောပါတယ်။
၂၀၂၄ စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းကလည်း မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို ချိန်ရွယ်ပစ်တဲ့ ရှော့တိုက်ဒုံးတွေဟာ လူနေရပ်ကွက်ထဲက နေရာသုံးခု​ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့အ​ကြောင်း VOM က သတင်းတင်ဆက်ပြီးဖြစ်ပါတယ်။
ပုံစာ – မန္တ​လေး ၁၉ လမ်း ၆၆လမ်းဘက်ခြမ်းက နန်းတွင်းဝင်တဲ့ တံတားပုံ​ဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW