TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန် နဲ့ သီပေါမှာ လေကြောင်း တိုက်ခိုက်ခံရ

အောက်တိုဘာ ၄၊ ၂၀၂၅
Shy V (VOM)
TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန် နဲ့ သီပေါမှာ ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့က လေကြောင်း တိုက်ခိုက်ခံရလို့ လူ ထခိုက်မှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ဆန် ဇယ်တုန်ဟုန်းမှာ ကြဲသွားတာ။ ဂျက်ဖိုက်တာ။ နေ့လယ် ၁၂ နာရီကျော်လောက်က။ လူ ထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လေကြောင်း ဗုံးကြောင့် နှစ်ယောက် သေဆုံးပြီး ကိုးယောက် ထိခိုက် ဒဏ်ရာ ရထားတယ်လို့ သူက ပြောပါတယ်။
“သီပေါ ဒီမနက် ကြဲသွားပြန်ပြီ။ မြို့ပြင်ဘက် အုံမုရွာနဲ့ ဂေါ်ဒန် သတ္တုတွင်းဘက်မှာ။ လူ အထိအခိုက်တော့ မရှိလောက်ဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ ညကလည်း သီပေါ စံဖတ်ဘက် လေကြောင်း တိုက်ခိုက် ခံရလို့ မုဒြာ ဟိုတယ်မှာ ထိမှန်ခဲ့တယ်လို့ သူက ပြောပါတယ်။
သီပေါ ဒေသခံ တချို့က လေကြောင်း ဗုံး ဆက်တိုက် ကြဲလာတာကြောင့် စိုးရိမ်လို့ တိမ်းရှောင်သွားတာ‌ေတွရှိ‌ပြီး အစောင့် မရှိထားတဲ့ နေအိမ်တွေမှ သူခိုးရန်လည်း စိတ်ပူနေရကာ သီပေါဘက် တိုက်ပွဲ အခြေအနေ ဘယ်လို ဖြစ်လာမယ် ဆိုတာ မပြောတတ်သေးဘူးလို့ ဆိုပါတယ်။
သီပေါမြို့နယ် မန်ဟဲရွာမှာ အောက်တိုဘာလ ၄ ရက်နေ့ မနက် ၇ နာရီ ၄၉ မိနစ် အချိန်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ထပ်မံ ဗုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က သတင်းထုတ်ထားပါတယ်။
သီပေါမြို့နယ် စံဖိတ်ရွာမှာ အောက်တိုဘာလ ၂ ရက်နေ့ည ၁၀ နာရီကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဟိုတယ် အဆောက်အဦးတခု ထိခိုက်ပျက်စီးခဲ့ရပီ့း နမ္မတူ မြို့နယ် မန်ဟောင်ရွာ ရပ်ကွက် ၈ မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး တလုံး ကြဲချတိုက်ခိုက်ခဲ့လို့ လူ ၄ ယောက် သေဆုံးပြီး ၅ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့‌ေကြာင်း SSPP က သတင်း ထုတ်ပြန်ထားပါတယ်။
Photo Crd# PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW