အောက်တိုဘာ ၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုက်ဟုန်း (မန်ဟုန်း) ရွာကို အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူ အများအပြား သေဆုံး၊ ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုင်းလုံဘက်နား ရွာတရွာ ဗုံးကြဲခံရလို့ လူ ၁၀ ယောက် ထိမှန်သေဆုံးသွားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မိုင်းလုံ အနီးဘက်က မိုက်ဟုန်း (မန်ဟုန်း) ရွာကို ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်လောက်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချသွားတာ လို့ သူက…
Read MoreDay: October 8, 2025
ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ လေကြောင်းတိုက်ခံပြီး လူ ၄၀ ကျော်သေဆုံးကာ ၇၀ ထက်မနည်းဒဏ်ရာရခဲ့
အောက်တိုဘာ ၈ ၊၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်းထဲက ကျေးရွာအချို့မှာ ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သောဆုံးသူ ၄၀ ကျော်အထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းရှိ ချောင်းဦးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်၊ တန့်ဆည်မြို့နယ်တွေထဲကကျေးရွာအချို့ကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ချောင်းဦးမြို့နယ်လေကြောင်းကြဲခံရမှုက သေဆုံးမှုအများဆုံးနဲ့ထိခိုက်ဒဏ်ရာရသူအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။ ချောင်းဦးမြို့နယ် ၊ ဘုံဆိုရွာမှာ အောက်တိုဘာ ၆ ရက်နေ့၊ သီတင်းကျွတ်လပြည့်နေညက ဆီးမီးသပိတ်ပြုလုပ်ချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲခံခဲ့ရပြီး သေဆုံးသူ ၄၀ ကျော်ရှိကာ ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” သိရသလောက် ၄၀ ကျော်သေတယ်ထိခိုက်ဒဏ်ရာရသူက ၆၀ ကျော်တယ်လို့သိရပါတယ်။ ” လို့ စစ်ရှောင်အရေးကူညီနေတဲ့အဖွဲ့မှပြောပါတယ်။ လက်ရှိမှာ ချောင်းဦးနယ်မှ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေ နာရေးကိစ္စပြုလုပ်ဖို့ အကူအညီတွေ…
Read Moreဂါဇာစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲတွေ အလားအလာကောင်း
ကိုင်ရို၊ အောက်တိုဘာ-၈-၂၀၂၅ မျိုးဆက်(VOM) ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့ အီဂျစ်မှာပြုလုပ်နေတဲ့ တဆင့်ခံဆွေးနွေးပွဲတွေ ပြူလုပ်နေပြီး အပြုသဘောဆောင်တဲ့အခြေအနေမှာရှိတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဟာ စက်တင်ဘာ ၂၉ ရက်က ဒေါ်နယ်ထရန့် ကြေညာခဲ့တဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးနေကြတာပါ။ ကြားဝင်ဖြန်ဖြေသူတွေဖြစ်တဲ့ အီဂျစ်၊ ကာတာကိုယ်စားလှယ်အဖွဲ့နဲ့ ဟားမတ်စ်အဖွဲ့တို့ကြား အီဂျစ်အရှေ့ပိုင်းရှိ Sharm el-Sheikh မြို့မှာ တွေ့ဆုံမှု စတင်ခဲ့ပြီး အပြုသဘောဆောင်တယ်လို့ ဆိုပါတယ်။ နောက်နေ့မှာလည်း ဆွေးနွေးပွဲတွေ ထပ်လုပ်မှာဖြစ်ပြီး ဟားမတ်စ် သဘောတူထားတဲ့ အစ္စရေး ဓားစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ တစိတ်တပိုင်း ရုပ်သိမ်းရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ တိုးတက်မှုမရှိရင် လာမယ့်ရက်မှာ ဆက်လက်လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အစ္စရေး သတင်ဌာနတွေ့ ဆိုပါတယ်။…
Read Moreနွားထိုးကြီးမြို့မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်၊ တယောက် သေဆုံးပြီး ၁၁ ယောက်ဝန်းကျင် ဒဏ်ရာ ရ
အောက်တိုဘာ ၈ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ၁၁ ယောက်ဝန်းကျင် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ နွားထိုးကြီးမြို့ တောင်ဘက်၊ မကျီးကုန်းရွာရှိ ဘုန်းကြီးကျောင်းမှာ ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်း တိုက်ခိုက်သွားတာပါ။ တယောက်ကတော့ နေရာမှာတင် DB (Dead Body) ဖြစ်တယ်။ ဒဏ်ရာရကတော့ လောလောဆယ် ကျွန်တော်တို့ သိထားသမျှက ၁၁ ယောက်လောက် ရှိမယ်။ ဒီထက်လည်း…
Read Moreသန်လျင်မှာ တက္ကစီယာဉ်မောင်း အသတ်ခံရမှု ကျူးလွန်သူတွေကို ဖမ်းမိပြီ
အောက်တိုဘာ ၇ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း တက္ကစီယာဉ်မောင်း တယောက် ကားလုယက်ခံရပြီး အသတ်ခံရမှု ဖြစ်စဉ်မှ ကျူးလွန်သူတွေကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့တာလို့ သိရပြီး ပြစ်မှု ကျူးလွန်သူတွေဟာ အငှားယာဉ်မောင်းကို သတ်ပြီး သန်လျင်မြို့ရဲ့ ခြောက်လမ်းသွားလမ်းမ တနေရာမှာ စွန့်ပစ်ထားခဲ့ကာ ကားကို ယူဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ကျူးလွန်သူ သုံးယောက်ကို မိထားပြီလို့ သိရတယ်။ လက်ရှိမှာ ရဲလုပ်ငန်းစဉ်တွေအရ ဆက်လက် စစ်ဆေးနေပါတယ်။ မနေ့ (အောက်တိုဘာ ၆ ရက်) ကပဲ မိတာပါ။ သန်လျင်ရဲစခန်းက တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ကားကိုလည်း ပြန်ရထားပါပြီ။ ကျူးလွန်သူတွေက…
Read Moreသူတို့အိမ် အခန်း – ၁၆
ဆူးငှက် မြန်မာ့နည်း မြန်မာ့ဟန် ———————– ပြန်လှန်တွက်စစ်ကြည့်လိုက်တော့ ကျွန်တော်ကျောင်း စ နေသည့် အချိန်မှာပဲ ပြည်သူပိုင်သိမ်းပြီး လေသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းသည်။ ထိုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ရတနာပုံရေတပ်စခန်း၌ ကျင်းပသည့် တပ်မှူးများညီလာခံက တော်လှန်ရေးကောင်စီ၏ မူဝါဒသဘောထားအဖြစ် “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်” ကို ချမှတ်သည်။ ဇူုလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်” ဟူသည်ကို ကြေညာသောအခါ “ တော်လှန်ရေးကောင်စီသည် ဤလောက၌ လူလူချင်း ခေါင်းပုံဖြတ်၍ မတရား အမြတ် ရှာစားသော စီးပွားရေး စံနစ်ဆိုးများ တည်ရှိ နေသရွေ့ ကာလပတ်လုံး လူအပေါင်းကို လူမှုဒုက္ခများမှ လွတ်မြောက်စေလိမ့်မည်ဟု…
Read Moreကျောက်မဲမှာ ကျောင်းအပ် စတင်လက်ခံ
အောက်တိုဘာ ၇၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နလအ တပ်ဖွဲ့ ပြန်လည် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ကစ စာသင်ကျောင်းအပ် စတင်လက်ခံပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောင်းက ဒီနေ့ စအပ်တယ်။ မနက်ဖြန် ဖွင့်မယ် ပြောတယ်။ တမြို့လုံးမှာ အထက ၁ ပဲ ဖွင့်သေးတယ်။ ကျန်တဲ့ ကျောင်းတွေက အခုမှ ရှင်းတုန်း ရှိသေးတယ်။ လောလောဆယ်တော့ အထက ၁ မှာပဲ အကုန်လာတက်ရမှာ ဟုတ်တယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ စစ်ရှောင်တွေကတော့ အကုန် ပြန်မရောက်သေးတာတွေ့ရပြီး လားရှိုးဘက်ခြမ်း ရှောင်တဲ့ သူတွေ ကျန်မယ် လို့ယူဆရကာ လက်ရှိမှာတော့ သီပေါဘက်လမ်း ပိတ်ထားတာကြောင့် ကွင်းလမ်းတွ…
Read More