တွမ်မဟော့ခ် ဒုံးကျည်တွေ ယူကရိန်းအတွက် ထောက်ပံ့ဖို့စီစဉ်နေမှု အမေရိကန်ကို ရုရှားသတိပေး

ဝါရှင်တန်၊ အောက်တိုဘာ-၈-၂၀၂၅
ရတီ(VOM)
ယူကရိန်းအတွက် တွမ်မဟော့ခ် ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးရန် ဆုံးဖြတ်ချက်ချခါနီပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ရုရှားကတော့ ဒီလိုထောက်ပံ့မှုဟာ တင်းမာမှုတွေ ပိုဆိုးလာလိမ့်မယ်လို့ သတိပေးထားပါတယ်။
တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးပြီလားလို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ကျွန်တော် ဆုံးဖြတ်ချက်ချပြီး သလောက်နီးပါး ဖြစ်နေလို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။
ဒါပေမယ့် ယူကရိန်းတပ်တွေက ဒုံးကျည်တွေနဲ့ ဘာတွေလုပ်နေလဲ၊ ဘယ်နေရာကို ပို့နေလဲဆိုတာကို သိချင်နေတယ်လို့ သူက ထပ်ပြောပါတယ်။ တင်းမာမှုတွေ ပိုဆိုးလာဖို့ကိုတော့ သူမလိုလားဘူးလို့ ပြောပါတယ်။
အမေရိကန်က ယူကရိန်းတပ်ဖွဲ့တွေ ရုရှားပိုင်နက်အတွင်းကို တိုက်ခိုက်မှုအတွက် အမေရိကန်က ထောက်ပံ့ပေးထားသော ATACMS ဒုံးကျည်တွေကို အသုံးပြုခွင့်ပေးနေပြီလို့ ယုံကြည့်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ အထိ ပျံသန်းနိုင်ပြီး တွမ်မဟော့ခ်ဒုံးကျည်တွေရဲ့ အကွာအဝေး ဒီထက် ငါးဆပိုများပါတယ်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က တွမ်မဟော့ခ်ဒုံးတွေကို ယူကရိန်းကို ပေးလိုက်တာဟာ ရုရှားအပေါ် နျူကလီယား တိုက်ခိုက်မှု ဖြစ်နိုင်ချေကို တိုးမြင့်စေတယ်လို့ ပြောပါတယ်။
“ဒါဟာ ဒုံးခွင်းဒုံးတွေနဲ့ ပတ်သက်တာကို သဘောပေါက်ဖို့ အရေးကြီးတယ်။ ကွဲလွဲမှုတွေ အမျိုးမျိုးကနေ ရှုမြင်ရရင်၊ နျူကလီးယား ထိပ်ဖူးတပ်ဆင် ပစ်လွှတ်နိုင်တာပါ။ ဒါကြောင့် တကယ့်ကို ပြင်းထန်တဲ့ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်” လို့ သူက သတိပေးထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အမေရိကန်ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အမေရိကန် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ တိုက်ရိုက်ပါဝင်မှုမရှိဘဲ တွမ်မဟော့ခ်ဒုံးကျည်တွေကို အသုံးပြုဖို့ လုံး၀မဖြစ်နိုင်ကြောင်းနဲ့ ဒါဟာ ရုရှားနဲ့ အမေရိကန်ကြား ဆက်ဆံရေး အပါအဝင် လုံး၀တင်းမာမှုတွေ ဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW