ပြည်သူ့အသံ ကဏ္ဍ

ပင်းတယမှာ နှစ်လုံး သုံးလုံးဒိုင်​တွေ တရားဝင်စီးပွား​ရေးလိုလုပ်​နေ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ရှမ်းရပ်ကွက်တွင် ၂ လုံး ၃လုံးအား လိုင်းကြေးပေး၍ အကြီးအကျယ်ပေါ်တင်ပြုလုပ်နေပါတယ်။
သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြင်းမရှိပါဘူး တရားဥပဒေမစိုးမိုးဘဲ ညောင်ရွှေမှ ဦးဘုန်းကြွယ်(ခ)ကိုငယ်မှ ရဲ၊ ​မြို့နယ်ထွေအုပ် ၊ ဒေသဦးစီးအဖွဲ့များအား လိုင်းကြေးအသီးသီးပေး၍ ရောင်းချနေပါကြောင်း ဓာတ်ပုံမှတ်တမ်းများဖြင့် ​ပေးပို့ပါသည်။
ဒေသ အုပ်ချုပ်​ရေးအဖွဲ့ကလည်း လောင်းကစားများ၊ သစ်လမ်းကြောင်းများ၊ ကုန်သွယ်မှုလမ်းကြောင်းများ တရားဝင်သဖွယ်ခွင့်ပြုထားပါကြောင်း လုပ်ကိုင်​နေသူ​တွေဆီက သိရပါသည်။
ထိုကိစ္စ​တွေ​ကြောင့် ​ဒေသခံ​တွေပါ အလုပ်လက်​ကြောတင်း​အောင် မလုပ်ချင်​တော့ဘဲ ​လောင်းကစားပဲ အားစိုက်လုပ်​နေလို့ ဘဝ​တွေပျက်သူပျက်၊ ခိုးဆိုးလု​တွေတိုး​နေပါသည်။
ထို့​ကြောင့် သက်ဆိုင်ရာမှ အ​ရေးယူ​ပေးနိုင်ပါရန် VOM မှတဆင့် တင်ပြပါသည်။
ပင်းတယသား
ပုံ ချဲစာရင်း ​ငွေစာရင်းလုပ်​နေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW