ကျောက်မဲ နဲ့ သီပေါကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး တော့ဆန်ရွာဘက် ဗုံးကြဲ တိုက်ခိုက်ခံရ

အောက်တိုဘာ ၁၁၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲ နဲ့ သီပေါကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး တော့ဆန်ရွာဘက် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“စစ်ကြောင်းက နောင်အန်းရွာတောင် မရောက်သေးဘူးထင်တယ်။ လိုင်းပေါ်မှာ လျှောက်တင်တာပါအေ။ ချောင်းချောက် တောင် မကျော်သေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နောင်အန်းရွာက ကျောက်မဲနဲ့ သီပေါကြားမှာရှိပြီး နောင်အန်း နဲ့ သီပေါ ၁၀ မိုင်ဝန်းကျင်ခန့် ဝေးကာ နောင်အန်းရွာကတော့ ကျောက်မဲမြို့နယ်ထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ နလအ တပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေက အောက်တိုဘာလ ၁၀ ရက်နေ့က နောင်အန်းရွာကို သိမ်းပိုက်ထားနိုင်ကြောင်း နလအ တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ ပြောပါတယ်။
နောင်အန်းရွာက ကျောက်မဲမြို့နဲ့ ကိုးမိုင်ခန့် ကွာဝေးပြီး သီပေါမြို့ ရောက်ဖို့ ရှစ်မိုင်ခန့် လိုသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ် အတွင်းရှိ တော့ဆန်ရွာဘက်ကို ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ပိုင်းက လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က လေကြောင်းနဲ့ ဗုံး ထပ်ကြဲပါတယ်။ ကျောက်မဲ တော့ဆန်ဘက် ကျပါတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒေသခံတွေ ထိခိုက်မှု မရှိဘူးလို့ ကနဦး ကြားသိထားရပေမယ့် အသေးစိပ် အခြေအနေ မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ အောက်တိုဘာလ အတွင်း လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ကလေးငယ် အပါအဝင် လူထိခိုက်မှုတွေရှိခဲ့တာဖြစ်ပြီး ကျောက်မဲမြို့နယ်ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွထွေ ရွေးကောက်ပွဲ ပြုလုပ်မယ့် မြို့နယ်တွေထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။
Photo: Google

Related posts

Leave a Comment

VOM News

FREE
VIEW