ပြုံးယမ်း၊ အောက်တိုဘာ-၁၁-၂၀၂၅
ရတီ
မြောက်ကိုရီးယားအာဏာရပါတီ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အခမ်းအနားမှာ ဟွာဆောင်-၂၀ တိုက်ချင်းပစ်ဒုံးကျည်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ပြုံးယမ်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြပွဲကို ရုရှားသမ္မတဟောင်း ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက် ၊တရုတ်ဝန်ကြီးချုပ် လီချန်း၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ်တို့လည်း တက်ရောက်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဆိုပါတယ်။
ဟွာဆောင်အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်တွေဟာ အမေရိကန်ပြည်မကြီးရှိဘယ်နေရာကိုမဆို ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိပေမယ့်လည်း ပစ်မှတ်ကိုထိမှန်ဖို့ လမ်းညွှန်စနစ်နဲ့ လေထုအတွင်း ပြန်လည်ဝင်ရောက်မှုကို ခံနိုင်ရည်ရှိတဲ့ ထိပ်ဖူးတပ်စွမ်းရည်အပေါ် မေးခွန်းထုတ်စရာတွေရှိနေပါတယ်။
စစ်ရေးပြအခမ်းအနားမှာ ကင်ဂျုံအန်ဟာ နိုင်ငံရပ်ခြားစစ်ဆင်ရေးတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြောက်ကိုရီးယားတပ်တွေကို ချီးကျုးပြောကြားခဲ့ပြီး သူတို့ရဲ့ သူရဲကောင်းဆန်မှုဟာ မြောက်ကိုရီးယားမြေကို ကာကွယ်ရုံသာမက ဆိုရှယ်လစ်တည်ဆောက်ရေးမှာလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ ရုရှားအတွက် တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယားစစ်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာ နှစ်နိုင်ငံကြား ယုံကြည်မှုဆက်ဆံရေးကို သက်သေပြနိုင်တယ်လို့ ကင်ဂျုံအန်က မက်ဗီဒက်နှင့် တွေ့ဆုံရာမှာ ပြောပါတယ်။
Ref: CNA
Photo:KCNA
