အငြင်းပွားဖွယ် ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင်သင်္ဘော တိုက်မိ

မနီလာ၊ အောက်တိုဘာ-၁၃-၂၀၂၅
မျိုးဆက်(VOM)
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတစင်းက ဖိလစ်ပိုင်သင်္ဘောကို တမင်တကာဝင်တိုက်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲထားပြီး ဒီမတော်တဆမှုအတွက် တရုတ်ကလည်း ဖိလစ်ပိုင် အပြစ်တင်ထားပါတယ်။
အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် သင်္ဘောတွေဟာ မကြာခဏဆိုသလို ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားလေ့ရှိပါတယ်။ တရုတ်ကတော့ နိုင်ငံတကာဥပ‌ဒေတွေကို လျစ်လျူရှုပြီး တောင်တရုတ်ပင်လယ် နယ်မြေအားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားပါတယ်။
မနီလာ ငါးဖမ်းဗျူရိုပိုင် BRP Datu Pagbuaya သင်္ဘောကို တရုတ်ကမ်းခြေစောင်သင်္ဘောတစင်းက တနင်္ဂနွေနေ့ မနက် ၉ နာရီ ၁၅ မိနစ်မှာ ရေအမြောက်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ သုံးမိနစ်အကြာမှာ ဖိလစ်ပိုင် သင်္ဘောရဲ့ ပဲ့ပိုင်းကို တမင် တွန်းတိုက်ခဲ့ပြီး သင်္ဘောသား ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိခဲ့ဘူးလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်ဟာ စပရက်တလီကျွန်းစုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တီသူကျွန်းအနီးမှာ ဖြစ်ပွားခဲ့တာပါ။ ဖိလစ်ပိုင် အမျိုးသား ရေကြောင်း ကောင်စီကတော့ ဒီဖြစ်ရပ်ကို အဆိုပါ ဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံရဲ့ ဆိုးရွားတဲ့ တရားမဝင် လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ သင့်လျော်တဲ့ သံတမန်ရေးရာတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီကိစ္စကို ကန့်ကွက်မယ်လို့ ပြောပါတယ်။ ဆန်ဒီကေအနီး ရေပိုင်နက်အတွင်း ဖိလစ်ပိုင်သင်္ဘောတစင်း ဝင်ရောက်လာပြီးနောက် တရုတ်ကမ်းခြေစောင့်တပ်က တရုတ်ဘက်ခြမ်းမှ ထပ်ခါတလဲလဲ သတိပေးချက်တွေကို လျစ်လျူရှုပြီး အန္တရာယ်ရှိတဲ့ အနေအထားတဲ့ တရုတ်သင်္ဘောအနီးသို့ ချဉ်းကပ်ခဲ့တယ်လို့ တရုတ်ဘက်က ဆိုပါတယ်။
ဒါဟာ ဖိလစ်ပိုင်ဘက်မှာ တာဝန်အပြည့်ရှိပါတယ် လို့ တရုတ်ကမ်းခြေစောင်တပ် ပြောရေးဆိုခွင့်ရှိသူ လျူဒီဂျွန်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW