ဝိုင်းမော် လုမြန်ဘက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်

အောက်တိုဘာ ၂၂၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာဘက်မှာ ဒီနေ့အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြင်းထန်ကြောင် ဒေသခံတွေဆီက သိရပါတယ်။
“လေယာဉ် ဗုံးကျသံတွေက တဝုန်းဝုန်းနဲ့ ပြန်ပတ် လှည့်လာပြီး ကြဲကြဲသွားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဝိုင်းမော် လုမြန်ဘက် ဒီမနက် ၇ နာရီ ၄၀ မိနစ် လောက်ကတည်းက လေကြောင်း ဗုံးကြဲနေတာ မနက် ၉ နာရီခွဲကျော် အထိ မနားတမ်း ဆက်တိုက် ကြဲနေသံကြားရပြီး ဗုံး အလုံး ၄၀ လောက် ရှိမယ်လို့ သူက ပြောပါတယ်။
“ဒရုန်းလည်း ၇ စီးလောက် ဝဲနေတယ်။ အသံလည်း သိပ်မထွက်ဘူး။ ခါတိုင်းနေ့က ငါးစီးလောက်ပဲ။ ဒီနေ့က ၇ စီး ဝဲနေတယ်။” လို့ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
ထိခိုက်မှု အခြေအနေကို မသိရသေးပေမယ့် လေယာဉ်က မနက် ၈ ဝန်းကျင်ခန့် ကတည်းက ‌ဗုံးစကြဲ‌ေနပြီဖြစ်ပြီး တစီးကြဲသွားပြီး တစီးပြန်ရောက်လာတယ်လို့ သူက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ဖားကန့်ဘက်က တပ်မ ၃၃ က အစိုးရတပ်ဖွဲ့‌တွေသီးသန့် အင်အား တချို့ ဝိုင်းမော် လုမြန်ဘက် အင်အားထပ်ဖြည့်တယ်လို့လည်း ကြားသိရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက ၀ိုင်းမော် လုမြန်ရွာရှိ အစိုးရတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း ခြေကုတ် စခန်း နှစ်နေရာကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက် အစိုးရတပ်ဘက်က အင်အားထပ်ဖြည့်သလို လေကြောင်း၊ ဒရုန်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတာကို တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်က လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မယ့်မြို့နယ်စာရင်းထဲမှာ ပါဝင်ပါတယ်။
Photo crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW