ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေး မတက်ဘူးလို့ မလေးရှား အတည်ပြု

ကွာလာလမ်ပူ၊ အောက်တိုဘာ -၂၃-၂၀၂၅
မျိုးဆက်(VOM)
ယခုလနှောင်းပိုင်းမှာ ကွာလာလမ်ပူမှာ ကျင်းပမယ့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မှာမဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြောပါတယ်။
မြန်မာနိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ခိုင်ခိုင်မာမာ ကိုင်ဆွဲထားတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြောင်း မလေးရှားအခြေစိုက် Bernama သတင်းဌာနက ဆိုပါတယ်။
ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုကာ မြန်မာခေါင်းဆောင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ကန့်သတ်ထားပြီး ကိုယ်စားလှယ်သာ စေလွှတ်ခွင့် ပေးထားပါတယ်။
ထိပ်သီးဆွေးနွေးကို ရုရှားသမ္မတ ပူတင်လည်း တက်ရောက်မှာ မဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ ပူတင်အစား ရုရှားဒုတိယဝန်ကြီးချုပ် တက်မယ်လို့ အန်ဝါအီဗရာဟင်က ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုပြဿနာဟာ နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုဖြစ်နေပြီး ကိုင်တွယ်ဖြေရှင်းဖို့ ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးအဖြေရှာမယ်လို့ သူက ဆိုပါတယ်။
“ ဒီပြဿနာဟာ ဒေသတွင်း တည်ငြိမ်ရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ သာယာဝပြောရေးတို့ကို ထိခိုက်စေတဲ့အတွက် ဒီထိပ်သီးအစည်းအဝေးမှာ ထပ်ပြီးတင်ပြသွားမှာပါ” လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
Ref:Bernama
Photo: Bernama

Related posts

Leave a Comment

VOM News

FREE
VIEW