လားရှိုးမှာ ကားတစီးက ဆိုင်ကယ်လေးစီးကိုတိုက်မိလို့ လူသုံးယောက်သေ

အောက်တိုဘာ ၂၇၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အောက်တိုဘာလ ၂၆ ရက်နေ့ညဦးပိုင်းက ကားတစီးက ဆိုင်ကယ် လေးစီးကိုတိုက်သွားလို့ လူသေဆုံးမှုရှိကြာင်း ဒေသခံတွေဆီက သိရပါတယ်။
“လားရှိုး အထက ၂ ရှေ့လို့ပြောတယ်။ ဆိုင်ကယ်စီးတဲ့ သုံးယောက် သေသွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကားမောင်းတဲ့သူက ဆေးကြောင်နေတာလို့ သိရကြောင်း သူက ပြောပါတယ်။
သေဆုံးသွားတဲ့ မိန်းကလေး တယောက်က လည်း ဘယ်သူမှန်းမသိရဘူးလို့ ဆိုပါတယ်။
“Crown ကား တစီးက Alphard အပါအဝင် ဆိုင်ကယ် လေးစီးကို ဝင်တိုက်ခဲ့တာ ဆိုင်ကယ်ပေါ် ပါလာသူ သုံးယောက် သေသွားတယ်” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။
အဲဒီကား မောင်းတဲ့တယောက်က ဆယ်ကျော်သက်အရွယ်သာ ရှိသေးကာ အရှိပြင်းပြင်းနဲ့ မောင်းလာပြီး တိုက်သွားတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့လည်ပိုင်းကလည်း လားရှိုးမြို့ပြင် ပုန်းထွန်ရွာဘက် လမ်းမ‌ပေါ် ကားလေးနဲ့ ဆိုင်ကယ် တိုက်မိတာမှာ ဆိုင်ကယ် နှစ်ပိုင်းဖြစ်သွားကာ ကားက မောင်းပြေးသွားတဲ့ ဖြစ်စဉ် ရှိခဲ့တာဖြစ်ပါတယ်။
Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW